တိုက်သုံးထပ်ပေါ်က ပြုတ်ကျသူတစ်ဝက်လောက်ဟာ သေဆုံးပြီးတစ်ဝက်လောက်သာ အသက်ရှင်ကြတဲ့ အချိန်မှာ မိုးမျှော်တိုက် ၄၇ ထပ်ပေါ်က ပြုတ်ကျခဲ့သူတစ်ဦးဟာ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။

ပြတင်းပေါက်တွေသန့်ရှင်းရေးလုပ်တဲ့ အလုပ်သမားတစ်ဦးဟာ ၂၀၀၇ ခုနှစ်လောက်က ဒီဖြစ်ရပ်ကို ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ မိုရီနိုနဲ့ သူ့ရဲ့ညီငယ် အဂ္ဂါတို့ဟာ ပြတင်းပေါက်သန့်ရှင်းရေးဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်ခဲ့ကြတာပါ။ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလ တစ်မနင်းခင်းမှာ မိုရီနိုတို့ညီအစ်ကိုဟာ ပြတင်းပေါက်တွေ သန့်ရှင်းဖို့ မိုးမျှော်တိုက်ပေါ်တက်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ဓာတ်လှေကားပုံစံခွက်ထဲဝင်ပြီး အလုပ်လုပ်နေခဲ့ကြတာဖြစ်ပါတယ်။

play

 

အဲဒီအချိန်မှာပဲ ဘယ်ဘက်အခြမ်းက ဆွဲထားတဲ့ ကြိုးဟာ လျော့ကျပြုတ်ထွက်သွားခဲ့တယ်လို့ အမေရိကန်အလုပ်သမား လုပ်ငန်းခွင်ထိခိုက်မှု စုံစမ်းရေး ကော်မရှင်ရဲ့ စစ်ဆေးချက်ထဲမှာ ပါရှိပါတယ်။ " ကျွန်တော့်ညီဘက်အခြမ်းက ကြိုးပြုတ်ထွက်သွားခဲ့တာ။ အဲဒီနောက်သူအောက်ကိုတန်းပြီးကျသွားတော့တာပဲ" လို့ အသက်ရှင်ကျန်ရစ်သူ မိုရီနိုက ပြောပါတယ်။ မိုရီနိုရဲ့ညီ အဂ္ဂါဟာ ကံဆိုးလှစွာပဲ တစ်နာရီ မိုင် ၁၂၀ နှုန်းလောက်ရှိတဲ့ အရှိန်နဲ့ ပြုတ်ကျသေဆုံးသွားခဲ့ရပါတယ်။

play

play
အဂ္ဂါနဲ့ အယ်လ်စီဒက်မိုရီနိုတို့ ညီအစ်ကို

 

အဂ္ဂါပြုတ်ကျပြီးသိပ်မကြာခင်မှာပဲ မိုရီနိုဘက်အခြမ်းလည်း ပြုတ်ကျသွားပါတော့တယ်။ အဂ္ဂါဟာ အောက်မှာရှိတဲ့ ခြံစည်းရိုးပေါ် ပြုတ်ကျသွားခဲ့လို့ မြင်ကွင်းဟာ ကြည့်မလှခဲ့ပါဘူး။ အသက်ရှင်ကျန်ရစ်တဲ့ အယ်လ်စီဒက်မိုနိုကတော့ သတ္တုပစ္စည်းပုံတွေကြားထဲမှာ ကျရောက်နေခဲ့ပါတယ်။ မီးသတ်သမားတွေ လာကယ်တဲ့အချိန်မှာ မိုရီနိုရဲ့ခန္ဓာကိုယ်ဟာ ကြွေမွနေတဲ့ ကြက်ဥတစ်လုံးလို ဖြစ်နေခဲ့ပြီး လူနာတင်ယာဉ်ပေါ်သယ်တာတောင် သတိအလွန်ထားခဲ့ရတယ်လို့ မီးသတ်သမားတွေက ပြောပါတယ်။

play

 

" ကျွန်တော်က ပြတင်းတွေ သန့်ရှင်းနေတာကို မြင်ရင်သဘောကျတယ်။ ရေနဲ့ ဆပ်ပြာပေါင်းပြီး ပြင်တင်းပေါက်တွေ သန့်ရှင်းရတဲ့အလုပ်ကိုလည်း ကြိုက်ပါတယ်။ ထိပ်ဆုံးကနေ အောက်ဆုံးအထိ သန့်ရှင်းတောက်ပြောင်အောင် ကျွန်တော်တို့လုပ်ခဲ့ကြတယ်" လို့အသက်ရှင်ကျန်ရစ်သူ အယ်လ်ဆာဒီမိုရီနိုက ပြောပါတယ်။ အသက်ရှင်ကျန်ရစ်ပေမယ့် မိုရီနိုဟာ ဦးနှောက်၊ အရိုး၊ ဗိုက် စတဲ့နေရာတွေအားလုံး ဒဏ်ရာရရှိခဲ့သလို ကိုမာဖြစ်လုနီးနီး ဖြစ်ခဲ့ပေမယ့် စကားပြန်ပြောလာနိုင်အောင် ဆရာဝန်တွေက ကြိုးစားကုသပေးနိုင်ခဲ့ပါတယ်။

play
အယ်လ်စီဒက်မိုရီနိုကို ကယ်တင်ခဲ့သည့် မီးသတ်အရာရှိများကို နေပြန်ကောင်းလာပြီးနောက်သွားတွေ့စဉ်

 

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video