ရဲစခန်းဖြစ်နေမှန်း သူသတိမထားမိခဲ့ပါဘူး။

အလစ်သုတ်သမားတစ်ဦးဟာ အမျိုးသမီးတစ်ဦးထံက ဖုန်းကို အလစ်သုတ်ထွက်ပြေးနိုင်ခဲ့ပေမယ့် သူဟာ နေရာမှားပြီး ဝင်ပြေးခဲ့လို့ ဒုက္ခရောက်သွားခဲ့ပါတယ်။

 

တရုတ်နိုင်ငံအတွင်း ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ဟာ လူမှုကွန်ယက်မှာ ရုပ်သံမှတ်တမ်းတွေနဲ့တကွ ဖော်ပြလာကြတာဖြစ်ပါတယ်။ အလစ်သုတ်သမား တစ်ဦးဟာ လမ်းသွားလမ်းလာ အမျိုးသမီးတစ်ဦးထံက ဖုန်းကို ရုတ်တရက်ဆွဲယူပြီး ထွက်ပြေးသွားခဲ့ပါတယ်။ ဖုန်းပိုင်ရှင်အမျိုးသမီးကလည်း ဒီအတိုင်းကြည့်မနေပဲ အလစ်သုတ်သမားနောက်က ထပ်ကြပ်မကွာ ပြေးလိုက်ခဲ့တာဖြစ်ပါတယ်။

 

အလစ်သုတ်တဲ့နေရာကို သိပ်ပြီးကျွမ်းကျင်ပုံမရတဲ့ အလစ်သုတ်သမားဟာ ခြေဦးတည့်ရာပြေးလွှားရင်း ကားလမ်းတစ်ဖက်က ရဲစခန်းထဲ ဝင်ပြေးမိသွားခဲ့ပါတယ်။ နောက်ကလိုက်လာတဲ့သူတွေထဲက အမျိုးသမီးတစ်ဦးက ရဲစခန်းဂိတ်ဝမှာရှိတဲ့ ရဲအရာရှိကို အကြောင်းကြားလိုက်ပြီးတဲ့နောက်မှာတော့ ရဲစခန်းထဲ ရောက်နှင့်နေပြီးသားဖြစ်တဲ့ အလစ်သုတ်သမားဟာ အဖမ်းခံလိုက်ရပါတော့တယ်။

 

ဒီဗီဒီယိုအောက်မှာ လူမှုကွန်ယက်သုံးစွဲသူတွေက ရယ်စရာတစ်ခုအဖြစ်မှတ်ချက်ပေး ပြောကြားနေခဲ့တာလည်းတွေ့ရပါတယ်။ " ဒီလူက တကယ်အဖမ်းခံရသင့်တယ်။ အရမ်းတုံးလွန်းတဲ့ အမှုနဲ့" ဆိုပြီး လူမှုကွန်ယက်သုံးစွဲသူ တစ်ဦးက မှတ်ချက်ပြုထားပါတယ်။ လုံခြုံရေးကင်မရာတွေနဲ့ လမ်းသွားလမ်းလာတွေထံက ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို စုစည်းပြီး တရုတ်သတင်းဌာနတစ်ခုဖြစ်တဲ့ Shanghaiist က ဖော်ပြထားတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က