တိုင်ကြားစာတွေရဲ့ ၃၀ နှုန်းရာခိုင်နှုန်းက ရဲတွေအကြာင်းတိုင်တာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားစာ ၃၀၀၀ ခန့် ရောက်ရှိလာတယ်လို့ ကော်မရှင် ဥက္ကဌ ဦးဝင်းမြက ဒီဇင်ဘာ ၉ ရက်က Goethe Institute မှာ ပြုလုပ်တဲ့ လူ့အခွင့်အရေးကြေညာစာတမ်း နှစ် ၇၀ ပြည့်အခမ်းအနားမှာ ပြောဆိုလိုက်ပါတယ်။

47679736_577729869342420_6313703814629163008_n.jpg 

တိုင်ကြားစာ ၃၀၀၀ ခန့်ထဲက တချို့ အချက်အလက်အထောက်အထား မပြည့်စုံတဲ့တိုင်ကြားစာတွေကို စိစစ်ပြီး ကော်မရှင်အနေနဲ့ တိုင်ကြားစာ ၉၆၀ ကျော်လောက်ကို စစ်ဆေးခဲ့တယ်လို့ ကော်မရှင် ဥက္ကဌ ဦးဝင်းမြက Duwun ကိုပြောပါတယ်။

“တချို့တိုင်ကြားစာတွေက အချက်အလက်တွေမကော်မရှင်အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့ရင် တိုင်ကြားနိုင်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်တိုက်တွန်းထားတဲ့အတွက် တိုင်ကြားမှုတွေက အရင်ကထက်များလာတယ်” လို့ ဦးဝင်းမြက ပြောပါတယ်။

လက်ရှိ တိုင်စာတွေထဲမှာ မြေယာပြသာနာတိုင်စာတွေက အများဆုံးဖြစ်နေပြီး ရဲနဲ့ ပတ်သက်တဲ့ တိုင်စာတွေက ၃၀ ရာခိုင်းနှုန်းလောက်ရှိတယ်လို့ လူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးဝင်းမြက ပြောပါတယ်။

 

“များသောအားဖြင့် ရဲစခန်းမှာ အမှုလာတိုင်ကြားတဲ့အခါမှာ အမှုကို ဖွင့်လှစ်ဆောင်ရွက်ပေးမှုမရှိခြင်း၊ အချိန်ဆွဲထားခြင်း၊ အဂတိလိုက်စားမှုတွေလည်း နည်းနည်းပါးပါး ပါမှာပေါ့။ ဒီလို အမှုတွေလည်း တိုင်ကြားလာတာတွေရှိပါတယ်” လို့ ဦးဝင်းမြက ဆက်လက်ပြောပါတယ်။

ဒီဇင်ဘာ ၁၀ ရက်မှာ ကျရောက်တဲ့ လူ့အခွင့်အရေးကြေညာစာတမ်းကို နှစ် ၇၀ပြည့် အခမ်းအနားကို ဒီဇင်ဘာ ၉ ရက်က Gothe Institute မှာ ကျင်းပခဲ့ပြီး လူ့အခွင့်အရေးကာကွယ်လှုပ်ရှားသူတွေ၊ သံအမတ်တွေက တက်ရောက်ခဲ့ကြတာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က