Odd News: ကုမ္ပဏီက ပိုက်ဆံတွေခိုးပြီး Game of War ဂိမ်းအတွက် ဒေါ်လာ ၁ သန်းသုံးခဲ့သူ

သူ့ရဲ့ကုမ္ပဏီကနေ ဒေါ်လာ ၃.၇ သန်း ခိုးယူခဲ့တာ ဖြစ်ပါတယ်။

play

 

ကယ်လီဖိုးနီးယားပြည်နယ်မှာနေထိုင်တဲ့ ကယ်ဗင်လီကိုဆိုသူဟာ Game of War မှာ ရွှေတွေနဲ့ အခြားအမှတ်တွေ ရရှိဖို့အတွက် ငွေတွေအများကြီး အသုံးပြုခဲ့ပါတယ်။

အသက် ၄၅ နှစ်အရွယ် ကယ်ဗင်ဟာ Holt စက်ယန္တရားကုမ္ပဏီရဲ့ ခရက်ဒစ်ကတ်တွေကို အလွဲသုံးစားလုပ်ပြီး ငွေတွေကို ယူခဲ့တာ ဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ စာရင်းကိုင်ချုပ်ဖြစ်တဲ့ သူက အားကစားပြိုင်ပွဲ လက်မှတ်တွေ၊ ဇိမ်ခံကားတွေနဲ့ ပလတ်စတစ်ဆာဂျရီအတွက် ငွေတွေကို ဗုံးပေါလအော အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

play

 

ကယ်ဗင်လီကိုဟာ ငွေကြေးခဝါချမှုနဲ့ ငွေကြေးလိမ်လည်မှုတွင် အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုခဲ့တဲ့အတွက် ယင်းအမှုနှစ်မှုနဲ့ ထောင်ဒဏ် နှစ် ၂၀ ခန့် ကျဖွယ်ရှိပါတယ်။ ဒါပေမဲ့ သူက အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုခဲ့တဲ့အတွက် အဲဒီလောက်ကြာကြာ ပြစ်ဒဏ်ကျခံရနိုင်ခြေ မရှိပါဘူး။

၂၀၁၇ ခုနှစ် မေလကျမှ ကယ်ဗင်လီကိုရဲ့ အမှုကို စီရင်ချက်ချမှာ ဖြစ်ပါတယ်။

Source & Photos : Metro

ထိုလူ ထောင်ဒဏ်ဘယ်လောက်ကျခံသင့်တယ်လို့ သင်ထင်ပါသလဲ။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ