AD
AD
AD
play

 

Pokémon Go ဂိမ်းကြောင့် ရေကန်ထဲ ပြုတ်ကျသွားတာ၊ ဓားပြတိုက်ခံရတာစတဲ့ ဆိုးရွားတဲ့ အဖြစ်အပျက်တွေ ဖြစ်သွားတဲ့ ဇာတ်လမ်းတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့ လန်ဒန်အရှေ့တောင်ပိုင်းမှာနေထိုင်တဲ့ နေ့စေ့လစေ့ ကိုယ်ဝန်ကြီးနဲ့ မီးမဖွားနိုင်ဖြစ်နေတဲ့ အမျိုးသမီးတစ်ဦးဟာ Pokémon Go ကစားရင်း ၃ မိုင်နီးပါး လမ်းလျှောက်ပြီးတဲ့နောက် ကလေးမွေးဖွားနိုင်ခဲ့ပါတယ်။

play

 

အမ်ဘာဝိုင်းလို့အမည်ရတဲ့ အဲဒီအမျိုးသမီးဟာ မွေးဖွားရက်ကို ကျော်နေတာ တစ်လတောင် ရှိပါပြီ။

"နာနတ်သီးလည်း စားတယ်။ ဗိုက်ကိုလည်း နှိမ်ပေးကြတယ်။ ဒါပေမဲ့ ဘယ်လိုမှ အဆင်မပြေဘူး" လို့ သူမက ဆိုပါတယ်။

play

 

ဒါပေမဲ့ Pokémon Go ဂိမ်းကို ဒေါင်းလုတ်လုပ်ပြီးတဲ့နောက်မှာတော့ ၂၄ နာရီအတွင်း မီးဖွားနိုင်ခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် အမ်ဘာဟာ ချစ်စဖွယ် သမီးလေးနှစ်ယောက်ကို ကျန်းကျန်းမာမာ မွေးဖွားနိုင်ခဲ့ပြီး အိုလမ်ပီယာနဲ့ အမ်ဘယ်လာလို့ နာမည်ပေးဖို့လည်း စီစဉ်ထားပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD