Odd News: ဇနီးနဲ့တထေရာတည်းတူတဲ့ Sex Doll အရုပ်ကို လက်ဆောင်ရခဲ့တဲ့ မုဆိုးဖို

ဇနီးကွယ်လွန်ပြီးနောက် ပထမအရုပ်ကို ဒေါ်လာ ၂,၂၀၀ ခန့် ပေးပြီး ဝယ်ခဲ့ပါတယ်။

play

 

အထီးကျန်ဆန်နေတဲ့ အဘိုးအိုဟာ ဇနီးသည်ကွယ်လွန်ခဲ့ပြီးတဲ့နောက် ဇနီးနဲ့ ရုပ်ဆင်တဲ့ အရုပ်မကို ဝယ်ယူခဲ့ပါတယ်။

play

 

အသက် ၇၀ အရွယ် ဇန်ဝမ်လင်း ဟာ ဇနီးသည် ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတဲ့အတွက် ပူဆွေးမှုကို ကုစားဖို့ သြဂုတ်လတုန်းက အရုပ်တစ်ရုပ်ကို ဒေါ်လာ နှစ်ထောင်ကျော်ပေးကာ ဝယ်ခဲ့တာပါ။

ဒါပေမဲ့ Sex Doll အရုပ်မလေးဟာ အသုံးပြုဖန်များတဲ့အတွက် ပျက်စီးသွားတာကြောင့် အဘိုးအိုမှာ နောက်တစ်ကြိမ် ပူဆွေးသောကရောက်နေရပြန်ပါတယ်။

play

 

တရုတ်နိုင်ငံ၊ ရှီချွန်းပြည်နယ်၊ ကွမ်ကျိုးမြို့မှာနေထိုင်တဲ့ အငြိမ်းစား ဆရာဝန်ကြီး ဇန်ဝမ်လင်း နဲ့ အရုပ်မလေးရဲ့ဓာတ်ပုံတွေဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားပြီးတဲ့နောက် သူ့အကြောင်းဟာ ဒီနှစ်အစောပိုင်းမှာ လူသိများခဲ့တာ ဖြစ်ပါတယ်။

play

 

သူ့ရဲ့သောကကို သိသွားတဲ့ Sex Doll ကုမ္ပဏီက သူ့ကို ဆက်သွယ်လာပြီး နောက်တစ်ရုပ်ကို လက်ဆောင်အဖြစ် ပေးဖို့ ကမ်းလှမ်းလာတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သေဆုံးသွားတဲ့ ဇနီးသည်ပုံစံအတိုင်း ရရှိမှာပါ။

မနှစ်က သေဆုံးသွားတဲ့ အဘိုးအိုရဲ့ဇနီးသည်ဓာတ်ပုံကို ကုမ္ပဏီက တောင်းခဲ့ပြီး အထူးပြုလုပ်မယ့် ယင်း Sex doll အတွက် သီတင်းပတ် အနည်းငယ်အချိန်ယူခဲ့ပါတယ်။

ဒီတစ်ပတ်ထဲမှာ အရုပ်မက ရောက်ရှိလာတဲ့အတွက် Zhang တစ်ယောက် ပျော်ရွှင်ရပါပြီ။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ