Odd News: တရုတ်တောင်တန်းများထက်တွင် မြင်ရသည်ဆိုသည့် နဂါးပျံ ဗီဒီယိုဖိုင် Youtube တွင်ရေပန်းစား

ဒါဟာ လုပ်ကြံဖန်တီးထားတာသာ ဖြစ်တယ်လို့ အချို့က မှတ်ချက်ပေးထားပါတယ်။

play

 

တရုတ်နဲ့ လာအိုနယ်စပ်က တောင်ကုန်းတွေထက်မှာ ဧရာမငှက်ကြီးတစ်ကောင် ပျံသန်းနေတဲ့ ဗီဒီယိုဖိုင်တစ်ခု Youtube မှာ ပျံ့နှံ့လာပြီးနောက် လူမှုကွန်ရက် သုံးစွဲသူတွေအကြား ဝေဖန်မှတ်ချက်ပြုမှု များစွာ ရှိနေပါတယ်။

play

 

ရုပ်ရှင်တွေထဲမှာ မြင်တွေ့ရလေ့ရှိတဲ့ ဒဏ္ဍာရီလာနဂါး လို့ မှတ်ချက်ပေးနေကြပြီး တရုတ်ရှေးဟောင်း ဒဏ္ဍာရီတွေထဲကလို သတ္တဝါ ဖြစ်တယ်လို့ ဆိုကြပါတယ်။ အချို့ကတော့ အဆိုပါဗီဒီယိုဖိုင်ဟာ ကွန်ပျူတာအထူးပြုလုပ်ချက်နဲ့ ဖန်တီးထားတယ်လို့ ဝေဖန်ကြပေမဲ့ ဒါဟာ တကယ့်နဂါးတစ်ကောင်ဆိုတာ ယုံကြည်သူတွေလည်း ရှိနေပါတယ်။

ApexTV ဆိုတဲ့ Youtube မှာ ဒီဗီဒီယိုဖိုင်ကို ကြည့်ရှုသူလေးရက်အတွင်း လေးသိန်းကျော်သွားခဲ့ပါပြီ။ ကမ္ဘာကြီးမှာ သိပ္ပံနည်းပညာနဲ့ လိုက်မမီနိုင်သေးတဲ့ အရာတွေရှိတာကြောင့် အချို့အရာတွေက မယုံလို့ မရကြောင်း Chao’s Gotsokillz ဆိုသူ အကောင့်ပိုင်ရှင်က မှတ်ချက်ပြုထားပါတယ်။ နောက်ခံ တိမ်တွေက ရှင်းနေပြီး နဂါးက ခပ်ဝါးဝါးဖြစ်နေတာကြောင့် ဒီဗီဒီယိုဟာ အတုဖြစ်တယ်လို့လည်း နောက်ထပ်တစ်ယောက်က မှတ်ချက်ပေးထားပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ