Odd News: တီဗွီဇာတ်လမ်းတွဲအကြောင်း အငြင်းပွားရန်ဖြစ်ပြီး ၁၅ ဦး ပြင်းထန်စွာ ဒဏ်ရာရ

, updated

ကီရန်မာလာ တီဗွီဇာတ်လမ်းတွဲကို အိန္ဒိမှာ ရိုက်ကူးထားတာ ဖြစ်ပေမဲ့ လတ်တလော နှစ်များအတွင်း ဘင်္ဂလားဒေ့ရှ်မှာ အလွန် နာမည်ကြီး လူကြိုက်များနေပါတယ်။

play


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တီဗွီဇာတ်လမ်းတွဲအကြောင်း အငြင်းပွားရာက လူပေါင်းရာနဲ့ချီ ပါဝင်တဲ့ ရန်ပွဲအကြီးအကျယ် ဖြစ်ပွားခဲ့ပြီး လူ ၁၅ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

play


ဟဘစ်ဂန်းဂ်ျဒေသမှ ရွာသားများဟာ အိန္ဒိယနိုင်ငံက ရိုက်ကူးထုတ်လုပ်တဲ့ တီဗွီဇာတ်လမ်းတွဲ ကီရန်မာလာကို ကော်ဖီဆိုင်မှာ စုဝေးကြည့်ရှုခဲ့ကြပါတယ်။ တီဗွီဇာတ်လမ်းတွဲ ကြည့်နေရင်း ဇာတ်လမ်းနဲ့ ပတ်သက်ပြီး အမျိုးသားနှစ်ဦး အငြင်းပွားခဲ့ကြရာ နှစ်ယောက်လုံးဘက်မှာ အခြား ကြည့်ရှုနေသူတွေပါ ဝင်ပါခဲ့ကြပြီး ရန်ပွဲစတင်ခဲ့တာ ဖြစ်ပါတယ်။

play


တုတ်နဲ့ ဓားများဖြင့် အပြန်အလှန် တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ ရာဘာကျည်ဆန်များ အသုံးပြုပစ်ခတ်ပြီး လူစုခွဲခဲ့ရပါတယ်။ တီဗွီဇာတ်လမ်းတွဲ အငြင်းပွားရန်ပွဲဟာ ဒါကာမြို့ အရှေ့မြောက်ဘက် ၁၀၉ မိုင်အကွာရှိ ဒီဟိုးကျေးရွာ ကော်ဖီဆိုင်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

play


ရန်ပွဲကြောင့် အနည်းဆုံး လူ ၁၀၀ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဒဏ်ရာပြင်းထန်သူ ၁၅ ဦးကိုတော့ ဆေးရုံတင်ခဲ့ရပါတယ်။ တီဗွီဇာတ်လမ်းတွဲ အငြင်းပွားရာမှ စတင်ခဲ့တဲ့ ရန်ပွဲမှာ သြဂုတ် ၁၇ ရက်ညပိုင်းကနေ နောက်တစ်နေ့ မနက်ပိုင်းအထိ ဖြစ်ခဲ့ကြကြောင်း သိရပါတယ်။

play


ကီရန်မာလာ တီဗွီဇာတ်လမ်းတွဲကို အိန္ဒိမှာ ရိုက်ကူးထားတာ ဖြစ်ပေမဲ့ လတ်တလော နှစ်များအတွင်း ဘင်္ဂလားဒေ့ရှ်မှာ အလွန် နာမည်ကြီး လူကြိုက်များနေပြီး နိုင်ငံတစ်ဝန်း ကြည့်ရှုသူ များပြားနေပါတယ်။

play


ပြီးခဲ့တဲ့နှစ်အတွင်း ဘင်္ဂလားဒေ့ရှ်မှာ ဆယ်ကျော်သက် မိန်းကလေးနှစ်ဦး သေကြောင်းကြံစည်မှုဟာ အဆိုပါ တီဗွီဇာတ်လမ်းတွဲမှ တော်ဝင်မင်းသမီး ဝတ်ဆင်တဲ့ အဝတ်အစားကို မိဘတွေက ဝယ်မပေးတာကြောင့်လို့ ဆိုပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ