News: ထူးခြားသည့်အရောင်အဆင်းနှင့် OppoF1s Limited Edition မိတ်ဆက်ပွဲကျင်းပ၊ ဒီဇင်ဘာ ၁ ရက်နှင့် ၂ ရက်နေ့တို့တွင် အလုံးရေအကန့် အသတ်ဖြင့်ရောင်းချမည်

Oppo F1s Limited Edition ကို မြန်မာနိုင်ငံမှာ အလုံးရေ ၁၀၀၀ သာရောင်းချသွားမှာဖြစ်ပြီး မြန်မာနိုင်ငံတဝန်းရှိ Oppo ဖုန်းဆိုင်တွေအနက်က သတ်မှတ်ထားတဲ့ ဖုန်းဆိုင် ၃၀၀ မှာသာဝယ်ယူနိုင်မှာဖြစ်ကာ ဒီဇင်ဘာလ ၁ ရက်နဲ့ ၂ ရက်နေ့တို့ မှာရောင်းချပေးသွားမှာပါ။

 

play

 

လျှပ်စစ်နဲ့နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Oppo ကနေပြီး Selfie ဘုရင်လို့တင်စားရတဲ့ F1s ဖုန်းမော်ဒယ်လ်ကို ထူးခြားတဲ့ အရောင်အဆင်းနဲ့ထုတ်လုပ်ထားတဲ့ F1s Limited Edition စမတ်ဖုန်းမိတ်ဆက်ပွဲကို နိုဝင်ဘာလ၊ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ Junction Square မှာကျင်းပသွားခဲ့ပါတယ်။

ယင်းမိတ်ဆက်ပွဲမှာ Oppo ကစီစဉ်ရိုက်ကူးတဲ့ မြန်မာ့ပထမဆုံး web series ဖြစ်တဲ့ The Most Familiar Stranger မှာပါဝင်သရုပ်ဆောင်ထားတဲ့ ရွှေထူးနဲ့ခင်ဝင့်ဝါအပါအဝင် နာမည်ကျော်အနုပညာရှင်တွေ၊ စာနယ်ဇင်း၊ မီဒီယာမှ ပုဂ္ဂိုလ်တွေ၊ ဖိတ်ကြားထားတဲ့အထူးဧည့်သည်တော်တွေ တက်ရောက်ခဲ့ကြပါတယ်။

Oppo F1s Limited Edition ကိုမြန်မာနိုင်ငံမှာ အလုံးရေ ၁၀၀၀ သာရောင်းချသွားမှာဖြစ်ပြီး မြန်မာနိုင်ငံတဝန်းရှိ Oppo ဖုန်းဆိုင်တွေအနက်က သတ်မှတ်ထားတဲ့ ဖုန်းဆိုင် ၃၀၀ မှာသာဝယ်ယူနိုင်မှာဖြစ်ကာ ဒီဇင်ဘာလ ၁ ရက်နဲ့ ၂ ရက်နေ့တို့ မှာရောင်းချပေးသွားမှာပါ။

အဲဒီလို အလုံးရေအကန့်အသတ်နဲ့ရောင်းချမယ့် Oppo F1s Limited Edition ဟာ စွမ်းဆောင်ရည်ပိုင်းမှာ Selfie ဘုရင် F1s လိုပဲ Beautify Mode 4.0 နဲ့ပေါင်းစပ်ထားတဲ့ 16MP ရှေ့ဘက်ကင်မရာ၊ 13 MP နောက်ဘက်ကင်မရာ၊ RAM 3GB ၊ 1.5 GHZ မြန်နှုန်းရှိ Octa Core processor တို့ပါဝင်ပြီး 4G ကွန်ရက်စနစ်မှာအဆင်ပြေပြေသုံးစွဲနိုင်တဲ့အပြင် ဆင်းမ်ကတ် ၂ ကတ်လည်း ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။

play

 

Internal Memory က 32GB ပါဝင်သလို Memory Card ထည့်သွင်းပြီးတော့ 256GB ထိတိုးမြှင့်လို့ရပါသေးတယ်။ ဘက်ထရီအနေနဲ့လည်း Standard အနေနဲ့သုံးရင် ၁၄ နာရီကြာသုံးစွဲနိုင်မယ့် 3075 mAh ဘက်ထရီပါဝင်ပါတယ်။ Oppo F1s ရဲ့နောက်ထပ်အားသာချက်ကတော့ 0.22 စက္ကန့်အတွင်းမှာ Unlock လုပ်ပေးနိုင်တဲ့ မြန်ဆန်တဲ့ Finger Print စနစ်ကို ဖုန်းရဲ့ရှေ့မှာရော၊ နောက်မှာပါ ထည့်သွင်းပေးထားတာပဲ ဖြစ်ပါတယ်။

အဆိုပါ Finger Print စနစ်ဟာ ဖုန်းကို Unlock လုပ်တာအပြင် မတူတဲ့လက်ဗွေ ၅ မျိုးထိပေးထားပြီး ဖုန်းခေါ်တာ၊ App တွေတိုက်ရိုက်ဖွင့်တာတို့လို လုပ်ဆောင်ချက်တွေကိုလည်း လုပ်ဆောင်ပေးနိုင်ပါသေးတယ်။ Oppo F1s Limited Edition ရဲ့အရောင်ကတော့ မူလ F1s နဲ့လုံးဝကွဲပြားပြီး ဆန်းသစ်ကာ နောက်ကျောဘက်က မီးခိုးရောင်နဲ့ ရှေ့ဘက်က အနက်ရောင်ဖြစ်ပါတယ်။ Oppo F1s Limited Edition ကို မူလ F1s ရဲ့ ဈေးနှုန်းအတိုင်း ၂၆၉၀၀၀ ကျပ်နဲ့ရောင်းချသွားမယ်လို့လည်း Oppo ရဲ့ကြေညာချက်အရသိရပါတယ်။

play

 

Oppo F1s Limited Edition မိတ်ဆက်ပွဲနဲ့အတူ Oppo ကစီစဉ်ရိုက်ကူးတဲ့ မြန်မာ့ပထမဆုံး Web Series ဖြစ်တဲ့ The Most Familiar Stranger ဇာတ်သိမ်းပိုင်းကို အနုပညာရှင်တွေနဲ့အတူကြည့်ရှုပွဲအခမ်းအနားကိုလည်း ကျင်းပသွားခဲ့ပါသေးတယ်။ The Most Familiar Stranger မှာလက်ရှိမြန်မာလူငယ်တွေအကြား နာမည်ကျော်ရေပန်းစားနေတဲ့ ရွှေထူး၊ ခင်ဝင့်ဝါ၊ ရဲရင့်အောင်၊ အိမ့်ချစ်၊ ဝိုင်းလေး တို့နဲ့ အခြားနာမည်ကျော် ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ မို့မို့မြင့်အောင်၊ ခိုင်သင်းကြည်၊ ဖြိုးငွေစိုးတို့ ပါဝင်သရုပ်ဆောင်ထားပြီး K-pop Cover Dance ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ထားတဲ့ Project-K အဖွဲ့လည်း ပါဝင်ထားကာ အချစ်၊ ဟာသ၊ စိတ်ကူးယဉ်သိပ္ပံစတဲ့အမျိုးအစားတွေ ပေါင်းစပ်ထားတဲ့ ထူးခြားတဲ့ ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။

နိုဝင်ဘာလ၊ ၂၅ ရက်နေ့က ကျင်းပခဲ့တဲ့ ဒီပွဲမှာ ယင်း Web-Series ရဲ့အပိုင်း ၅ ပိုင်းကို အနုပညာရှင်တွေနဲ့အတူကြည့်ရှုခဲ့ရကာ Oppo F1s Limited Edition ကိုလည်း အစမ်းပြသသွားခဲ့ပါတယ်။ ဒါ့အပြင် Oppo Myanmar Facebook ကနေ ပြိုင်ပွဲပြုလုပ်ကာ Ofans အယောက် ၂၀ ကျော်ကိုရွေးချယ်ပြီး အနုပညာရှင်တွေနဲ့ တွေ့ဆုံခွင့် ဖန်တီးပေးခဲ့တာကိုလည်း တွေ့ရပါတယ်။ The Most Familiar Stranger web series ကို Oppo Myanmar Facebook Page နဲ့ Oppo Myanmar You Tube Channel တို့မှာကြည့်ရှုနိုင်တယ်လို့လည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ