AD
AD
AD
play

 

ဖေ့စ်ဘွတ်ခ် အသုံးပြုသူတွေဟာ ထောက်ခံအားပေးတဲ့ အနေနဲ့ဖြစ်စေ၊  အထိမ်းအမှတ် အတွက်ဖြစ်စေ Profile ဓာတ်ပုံတွေ ပြောင်းလေ့ရှိပါတယ်။

play

 

ဒီ အလေ့အထကို သိတဲ့ ဖေ့စ်ဘွတ်ခ်က အသုံးပြုသူတွေ အဆင်ပြေစေဖို့ ပရိုဖိုင်ဓာတ်ပုံကို အချိန်ကာလသတ်မှတ်ပြီး ယာယီ ပြောင်းထားနိုင်အောင် ဖန်တီးပေးခဲ့ပါတယ်။ Android နဲ့ iOS ဖေ့စ်ဘွတ်ခ် App မှာ Profile ဓာတ်ပုံကို အချိန်သတ်မှတ်ပြီး ယာယီ ပြောင်းထားနိုင်မှာ ဖြစ်ပါတယ်။

iPhone အတွက်
၁။ မိမိရဲ့ Profile ကို သွားပြီး Profile ဓာတ်ပုံကို tap လုပ်ပါ။
၂။ 'Upload Photo' ကို tap လုပ်ပြီး ဖုန်းထဲမှာရှိတဲ့ ဓာတ်ပုံတွေထဲမှ နှစ်သက်ရာ တစ်ပုံကို ရွေးပါ။
၃။ ဓာတ်ပုံရွေးပြီးတဲ့အခါ 'Mark Temporary' ကို tap လုပ်ပြီး အချိန်သတ်မှတ်ပေးပါ။ ရွေးချယ်လိုက်တဲ့ ဓာတ်ပုံကို သတ်မှတ်ပေးထားတဲ့ အချိန်အတွင်းမှာပဲ Profile ဓာတ်ပုံအဖြစ် ဖော်ပြပေးထားမှာ ဖြစ်ပါတယ်။
၎။ ရွေးချယ်ထားတဲ့ ဓာတ်ပုံမှ Profile ဓာတ်ပုံနေရာမှာ ပေါ်နေစေချင်တဲ့ အစိတ်အပိုင်းကို crop လုပ်ပါ။ 'Use' ကို tap လုပ်ပေးပါ။

play

 

Android အတွက်
၁။ မိမိရဲ့ Profile ကို သွားပြီး Profile ဓာတ်ပုံကို tap လုပ်ပါ။
၂။ 'Upload Photo' ကို tap လုပ်ပါ။
၃။ ဖုန်းထဲမှာရှိတဲ့ ဓာတ်ပုံတွေထဲမှ နှစ်သက်ရာ တစ်ပုံကို ရွေးပါ (သို့မဟုတ်) ညာဖက်အပေါ်ထောင့်မှ ကင်မရာပုံလေးကို tap လုပ်ပြီး အသုံးပြုချင်တဲ့ ဓာတ်ပုံအသစ် တစ်ပုံ ရိုက်နိုင်ပါတယ်။
၎။ 'Make Temporary' ကို tap လုပ်ပြီး အချိန်သတ်မှတ်ပေးပါ။ ရွေးချယ်လိုက်တဲ့ ဓာတ်ပုံကို သတ်မှတ်ပေးထားတဲ့ အချိန်အတွင်းမှာပဲ Profile ဓာတ်ပုံအဖြစ် ဖော်ပြပေးထားမှာ ဖြစ်ပါတယ်။
၅။ ရွေးချယ်ထားတဲ့ ဓာတ်ပုံမှ Profile ဓာတ်ပုံနေရာမှာ ပေါ်နေစေချင်တဲ့ အစိတ်အပိုင်းကို crop လုပ်ပါ။ စိတ်ကြိုက်ဖြစ်ပြီဆိုရင် 'Done' ကို tap လုပ်ပေးပါ။

မှတ်ချက် - Profile ဓာတ်ပုံတွေရဲ့ privacy က public  ဖြစ်တာကြောင့် Facebook အသုံးပြုသူ အားလုံးက မြင်တွေ့နေရမှာပါ။ ယာယီရွေးချယ် အသုံးပြုလိုက်တဲ့ Profile ဓာတ်ပုံဟာ သတ်မှတ်ချိန်ပြည့်သွားတဲ့အခါ မူရင်း သတ်မှတ်ထားတဲ့ Profile ဓာတ်ပုံ ပြန်ပြောင်းသွားမှာ ဖြစ်ပေမယ့် ယာယီ အသုံးပြုခဲ့တဲ့ Profile ဓာတ်ပုံက Profile album ထဲမှာ ဆက်ရှိနေမှာ ဖြစ်ပါတယ်။

Source: Facebook
Photo: The Verge, Tech Crunch

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD