AD
AD
AD
play

ကျောက်ဖရုံသီးနဲ့ မိုးကြိုးလွှဲခြင်း

play

 

ကျောက်ဖရုံသီးတစ်လုံးဟာ မိုးကြိုးကိုတောင် လွှဲနိုင်တယ့် အစွမ်းရှိသလား။ သိပ္ပံနည်းကျ တွေ့ရှိချက် မရှိသေးပေမဲ့ ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ဈေးကြီးအချို့ခေါင်မိုးမှာ မိုးကြိုးလွှဲမယ်ဆိုပြီး ကျောက်ဖရုံသီးတွေကို တင်ထားခဲ့ကြပါတယ်။ ဒါပေမဲ့ ဗေဒင်ဆရာတွေကတော့ အစိုးရရဲ့ ပြိုင်ဘက်ပါတီပေါ် ကျောက်ဖရုံသီးနဲ့ ယတြာချေခြင်းဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ကြပါတယ်။ ၂၀၁၅ ခုနှစ်တွင်း ဈေးတွေရဲ့ ခေါင်မိုးပေါ်ကို ရောက်နေတယ့် ကျောက်ဖရုံသီးကြီးတွေကို လူတွေက ဓာတ်ပုံရိုက်ပြီး ဆိုရှယ်မီဒီယာတွေမှာ ပြောင်လှောင်ခဲ့ကြပါတယ်။

မဲဆွယ်ပွဲမှာ ပျားအုံကို လေးခွနဲ့ပစ်တယ်ဆိုတဲ့ သတင်း

play

 

၂၀၁၅ ခုနှစ်တွင်း ရွေးကောက်ပွဲရှိနေတာကြောင့် မဲဆွယ်ပွဲတွေဟာ အပြိုင်အဆိုင် ရှိခဲ့ပါတယ်။ မကွေးတိုင်းမှာ ပြုလုပ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မဲဆွယ်ပွဲကို ပျားတွေရောက်လာပြီး လိုက်တုပ်ခဲ့တာကြောင့် ဟောပြောပွဲပျက်ပြီး လူတစ်ယောက် ဆေးရုံရောက်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ မဲဆွယ်ပွဲနားက မကျည်းပင်ကို လေးခွနဲ့ပစ်ချတဲ့လူတွေရှိပြီး  ဗီဒီယိုရိုက်ထားတယ်လို့ ချောက်မြို့နယ်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေက ပြောကြားခဲ့ပါတယ်။

Sexy မော်ဒယ်နဲ့ မဲဆွယ်ခြင်း

play

 

အမျိုးသားရေးကို အဓိကထားသူများဖြစ်တယ်လို့  ရွေးကောက်ပွဲကာလမှာ ကြံ့ခိုင်ရေး ပါတီနဲ့ ပါတီဝင်အချို့ဟာ သူတို့ကိုသူတို့ ပုံဖော်ခဲ့ပါတယ်။ ရွေးကောက်ပွဲကာလကုန်ဆုံးခါနီး ရခိုင်ပြည်နယ်မဲဆွယ်ပွဲမှာ Sexy Modelတွေကို ခေါ်လာပြီး မဲဆွယ်ခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်ပုံကြီးကို နောက်ထားပြီး sexy ကျကျဝတ်စားထားတဲ့ sexy မော်ဒယ်တွေရဲ့ sexy ကကွက်တွေကြောင့် လူတွေမှာ ငိုရခက် ရယ်ရခက်ဖြစ်ခဲ့ရပါတယ်။

ထင်သလိုမဖြစ်တဲ့ ဦးလှဆွေရဲ့ ပွဲ

play

 

ကာတွန်းဆရာ ဟာကြူလီ(ကသာ) ဟာ "သားမောင်လှဆွေ"ဆိုတဲ့ ကာတွန်းတစ်ကွက်ကို ရေးပြီး လွှတ်တော်အမတ်ဦးလှဆွေကို သရော်ခဲ့ပါတယ်။ လွှတ်တော်အမတ်ဖြစ်သလို ဖေ့စ်ဘွတ်ခ်စတားတစ်ဦးလည်းဖြစ်တဲ့ ဦးလှဆွေဟာ သူ့အမေကို ကာတွန်းဆရာက စော်ကားပါတယ်ဆိုပြီး စိန်ခေါ်မှုတွေလုပ်ခဲ့ပါတယ်။

"ဝအောင်ထိုးပြီး လွှတ်တော်ထဲက ထွက်မယ်"

ဒီလိုပြောပြီး ကာတွန်းဆရာ ဟာကြူလီရှိရာ ကသာကို ဦးလှဆွေ တကယ်လိုက်သွားခဲ့တာကြောင့် လူတွေစိတ်လှုပ်ရှားပြီး ဖေ့စ်ဘွတ်ခ်စတားတစ်ဦးဖြစ်သူ ဦးလှဆွေရဲ့ ပွဲကို စောင့်ကြည့်ခဲ့ကြပါတယ်။ ဒါပေမဲ့ ထင်သလိုမဖြစ်ခဲ့ဘဲ တစ်ယောက်အမေကို တစ်ယောက်ကန့်တော့ပြီး ပွဲပြီးသွားတာကြောင့် ဆိုရှယ်မီဒီယာပေါ်တွေမှာ ပြောစမှတ်တွင်သွားခဲ့ပါတယ်။

Sources: 7Day Daily
Photos & Sources: Honey Bee, Popular News Journal, Hla Swe /Facebook,

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD