News: Real Results Facebook ကြော်ငြာဝန်ဆောင်မှု

, updated

Real Results ဆိုတာ မြန်မာနိုင်ငံအတွက် သီးသန့်ပြုလုပ်ထားတဲ့ ပထမဆုံး Facebook Marketing Partner Platform တစ်ခုပဲ ဖြစ်ပါတယ်။ Real Results မှ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေအတွက် Facebook ကြော်ငြာနဲ့ပတ်သက်ပြီး Target ရွေးတာကစ၍ ကြော်ငြာပြီးဆုံးတဲ့အထိ အစအဆုံး ၀န်ဆောင်မှုပေးနေပါတယ်။

Real Results ဆိုတာ မြန်မာနိုင်ငံအတွက် သီးသန့်ပြုလုပ်ထားတဲ့ ပထမဆုံး Facebook Marketing Partner Platform တစ်ခုပဲ ဖြစ်ပါတယ်။ Real Results မှ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေအတွက် Facebook ကြော်ငြာနဲ့ပတ်သက်ပြီး Target ရွေးတာကစ၍ ကြော်ငြာပြီးဆုံးတဲ့အထိ အစအဆုံး ၀န်ဆောင်မှုပေးနေပါတယ်။

လုပ်ငန်းလိုအပ်ချက်အလိုက် နေထိုင်ရာဒေသ(၃မိုင်ဝန်းကျင်အထိ) ၊ ကျား/မ၊ အသက်အရွယ် တို့အပေါ်မူတည်ပြီး ပစ်မှတ်ထားသူတွေထံ လိုအပ်တဲ့အချိန်အတွင်းရောက်ရှိအောင် ကြော်ငြာနိုင်ဖို့ Real Results က ဝန်ဆောင်မှု ပေးမှာ ဖြစ်ပါတယ်။ Real Results ရဲ့ဝန်ဆောင်မှုတွေကနေတစ်ဆင့် စစ်မှန်တဲ့ရလဒ်နဲ့ ထိရောက်မှုရှိတဲ့ကြော်ငြာတွေကို ဖန်တီးကြော်ငြာနိုင်မှာပါ။

ရလဒ်အမှန်ကိုဆောင်ကျဉ်းပေးခြင်း Click နဲ့ like အရေအတွက်က ဒေသတွင်းစီးပွားရေးလုပ်ငန်းအများစုအတွက် တကယ်တမ်း ထိရောက်မှု မရှိတတ်ပါဘူး။ စီးပွားရေးလုပ်ငန်းရှင်တွေအမှန်တကယ်လိုအပ်တာက သူတို့ရဲ့ကြော်ငြာကို လူဘယ်နှစ်ယောက်က မြင်သွားပြီး သူတို့လုပ်ငန်းဆီကို လူဘယ်လောက် ရောက်ရှိလာသလဲ ဆိုတာပဲ ဖြစ်ပါတယ်။ Real Results က သင့်ကြော်ငြာကို အသုံးပြုသူအရေအတွက်နဲ့ အသုံးပြုသူတစ်ယောက်ချင်းဆီက မြင်နိုင်တဲ့အကြိမ်အရေအတွက်ကို အာမခံပေးပြီး စားသုံးသူတွေ၊သုံးစွဲသူတွေ သင့်ရဲ့လုပ်ငန်းဆီ အမှန်တကယ် ရောက်ရှိလာနိုင်ချေကို မြှင့်တင်ပေးနိုင်ပါတယ်။

Real Results ရဲ့ ဝန်ဆောင်မှုတွေကတော့ -

ပစ်မှတ်ထားကြော်ငြာခြင်း

ဒေသတွင်း၊ မြို့နယ်တွင်း လုပ်ငန်းတစ်ခုအတွက် ကိုယ့်လုပ်ငန်းကြော်ငြာကို တစ်တိုင်းပြည်လုံးမှာရှိတဲ့ လူတိုင်းတွေ့မြင်နိုင် ဖို့ ထက် ကိုယ်လုပ်ငန်းနဲ့ ဆိုင်တဲ့သူတွေမြင်သွားဖို့သာ အရေးကြီးတာပါ။ Real Results က သင့်ကြော်ငြာကို စိတ်ဝင်စားနိုင်တဲ့သူများ၊ ကျား/မ၊ အသက်အရွယ် နဲ့ နေထိုင်ရာဒေသ (၃မိုင်ဝန်းကျင်အထိ) စသည်တို့ကို အသေးစိတ် ရွေးချယ်စေကာ ၀န်ဆောင်မှုပေးနေပါတယ်။ ထို့အပြင် မှန်ကန်သော profile များ ပိုမို target ထားနိုင်ရန်အတွက်လည်း Facebook Marketing Partner ၏ နည်းပညာများကို အသုံးပြုပေးထားပါတယ်။

ထိရောက်မှုရှိသည့်ကြော်ငြာဖြစ်စေမည့် ကျွမ်းကျင်ပညာရှင်များ၏ ဝန်ဆောင်မှု

Real Results ဟာ လှပတဲ့ကြော်ငြာတစ်ခုဖြစ်အောင် ဖန်တီးပေးရုံတင်မကဘဲ online တင်ပြီးနောက်မှာလည်း ထိရောက်မှုရှိတဲ့ကြော်ငြာဖြစ်စေဖို့ ကျွမ်းကျင်ပညာရှင်တွေက ဆက်လက်ပြီးဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်သင့်ရဲ့ကြော်ငြာဟာ လူတစ်ယောက်ထံကို အနည်းဆုံး ၆ ကြိမ်ခန့်ရောက်ရှိစေဖို့ အာမခံချက်ရရှိမှာ ဖြစ်ပြီး သင့်လုပ်ငန်းထံ လူတစ်ယောက် အမှန်တကယ်ရောက်ရှိလာစေဖို့အတွက် လိုအပ်တဲ့အနည်းဆုံးအကြိမ်ရေလဲ ဖြစ်ပါတယ်။

အစအဆုံး ၀န်ဆောင်မှုပေးခြင်း

ဒေသတွင်းလုပ်ငန်းရှင်တိုင်းဟာ Digital Marketing နဲ့ရင်းနှီးကျွမ်းဝင်သူတွေမဟုတ်တာကို Real Results ကသိရှိ လက်ခံထားပါတယ်။ ဒါကြောင့် Real Results ရဲ့အရောင်းကိုယ်စားလှယ်တွေက သင့်ထံကိုလူကိုယ်တိုင်အရောက်လာပြီး ပစ်မှတ်ရွေးချယ်ချိန်ညှိပေးခြင်း၊ ကြော်ငြာဒီဇိုင်းဖန်တီးခြင်း နဲ့ နောက်ဆုံး Report ပေးပို့တဲ့အဆင့်ထိ အဆင့်တိုင်းမှာ အနီးကပ် ဆွေးနွေးဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။

ဆက်သွယ်ရန် Phone : +959 44800 1662, +951 245358

Website : realresults.mmrdpub.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ