News: မြန်မာလူငယ်များ၏ အိပ်မက်များအကောင်အထည်ဖော်နိုင်ရေးကူညီပေးနေသည့် SCG၏ Sharing The Dream ပညာသင်ဆုအကြောင်း

SCG ဟာ အရှေ့တောင် အာရှ ဒေသတွင်းက လူငယ်တွေရဲ့အိပ်မက်တွေအကောင်အထည်ပေါ်လာရေး ကူညီထောက်ပံ့လျက်ရှိရာမှာ မြန်မာနိုင်ငံက အထက်တန်း ကျောင်းသားတွေကိုလည်း Sharing The Dream ဆိုတဲ့အမည်နဲ့ ပညာသင်ဆုတွေ ပေးအပ်လျက်ရှိပါတယ်။

play

 

အာဆီယံဒေသတွင်းထိပ်တန်းစီးပွားရေးကော်ပိုရေးရှင်းကြီးတစ်ခုဖြစ်ပြီး ဘိလပ်မြေထုတ်လုပ်ရေး၊ ဓါတုပစ္စည်း ထုတ်လုပ်ရေးနဲ့ ထုပ်ပိုးမှုလုပ်ငန်းတွေကိုအဓိကလုပ်ကိုင်လျက်ရှိတဲ့ SCG ဟာ အရှေ့တောင် အာရှ ဒေသတွင်းက လူငယ်တွေရဲ့အိပ်မက်တွေအကောင်အထည်ပေါ်လာရေး ကူညီထောက်ပံ့လျက်ရှိရာမှာ မြန်မာနိုင်ငံက အထက်တန်း ကျောင်းသားတွေကိုလည်း Sharing The Dream ဆိုတဲ့အမည်နဲ့ ပညာသင်ဆုတွေ ပေးအပ်လျက်ရှိပါတယ်။

SCG ကနေ ၂၀၁၂ ခုနှစ်ကတည်းက အဲဒီလိုပညာသင်ဆုတွေပေးအပ်လာခဲ့တာ ဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာလည်း ပညာရေးမှတ်တမ်းကောင်းရှိပြီး မိသားစုအပေါ်သိတတ်ကာ ကိုယ့်ဒေသပတ်ဝန်းကျင် အရေးမှာ တက်တက်ကြွကြွရှိတဲ့ အထက်တန်းကျောင်း သားပေါင်း ၃၀၀ ကို ပညာရေးအထောက်အပံ့တွေ ပေးအပ်သွားခဲ့ပါတယ်။ SCG ကနေပြီး Journey To Your Dream ဆိုတဲ့ခေါင်းစဉ်အောက်ကနေ မြန်မာနိုင်ငံကအထက်တန်း ကျောင်းသားတွေကို အခုလိုပညာသင်ဆုတွေ ပေးအပ်နေတာဖြစ်ပြီး ဒီနှစ်မှာ ယခင်နှစ်တွေ ကထက် မြို့နယ်အရေအတွက်အရရော၊ကျောင်းသားအရေအတွက်အရပါ ပညာသင်ဆုတွေပိုမို ပေးအပ်သွားခဲ့ပါတယ်။

play

 

ဒီနှစ်မှာ SCG ကနေပြီး ရန်ကုန်တိုင်းဒေသကြီးရဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ ကွမ်းခြံကုန်း၊ ဆိတ်ကြီးခနောင်တို၊ ကော့မှူး၊ သန်လျင်၊ ဒလ၊ ထန်းတပင်၊ ခရမ်း နဲ့ သုံးခွဲမြို့နယ်တို့က အထက်တန်းကျောင်းသားတွေထဲက ကျောင်းသား ၁၅၀ ကိုပညာသင်ဆုပေးအပ်မှာဖြစ်ပြီး ကျန် ပညာသင်ဆု ၁၅၀ ကိုတော့မွန်ပြည်နယ်ရဲ့ မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံ၊ပေါင်၊ ချောင်းဆုံ၊ ဘီးလင်း၊ သံဖြူဇရပ်၊ သထုံ၊ ကျိုက်ထို နဲ့ ရေးမြို့နယ်တို့ကအထက်တန်းကျောင်းသားတွေထဲကနေရွေးချယ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

ပညာသင်ဆုချီးမြှင့်ခံရတဲ့ကျောင်းသားတွေဟာ ကျောင်းစရိတ်နဲ့အခြားပညာသင်အသုံးအဆောင်ပစ္စည်းတွေ ဝယ်ယူနိုင်ဖို့အတွက် ၂၂၀၀၀၀ ကျပ်ကိုလက်ခံရရှိမှာပဲ ဖြစ်ပါတယ်။ SCG ကနေပြီး မြန်မာနိုင်ငံမှာ ဒီလိုပညာသင်ဆုတွေပေးအပ်လာခဲ့တာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ၅ နှစ်တာအတွင်းမှာ ကျောင်းသားပေါင်း ၁၀၀၀ ခန့်အထိကိုပညာသင်ဆုပေးအပ်ချီးမြှင့်ခဲ့ပြီး ဖြစ်ပါတယ်။

" SCG ရဲ့ Sharing The Dream ဟာ ကျောင်းသားတွေရဲ့အိပ်မက်တွေကိုအမှန်တကယ်ဖြစ်လာစေဖို့ ကြိုးစားအားထုတ်ရမယ့် အနာဂတ်ပညာရေးခရီးအတွက် အရေးပါတဲ့ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒီကျောင်းသားတွေဟာ အခွင့်အလမ်းနဲ့စိတ်အားတက်ကြွမှုရဲ့မျိုးဆက်တွေဖြစ်ပြီး မြန်မာပြည်ရဲ့ ကာလရှည်ဖွံ့ဖြိုးတိုးတက်ရေးခရီးအတွက် အဓိကမောင်းနှင်အားနဲ့ အနာဂတ်ခေါင်းဆောင်တွေပါ။ ပြီးခဲ့တဲ့နှစ်တွေက ပညာသင်ဆုရကျောင်းသားတွေရဲ့အောင်မြင်မှုတွေကို ကျွန်တော်တို့ တွေ့ရှိခဲ့ရပြီး သူတို့ရဲ့အောင်မြင်မှုဟာ သူတို့ရဲ့မိသားစုနဲ့ လူမှုအသိုင်းအဝိုင်းကိုမြှင့်တင်ပေးနိုင်မယ်ဆိုတာကိုလည်း ကျွန်တော်တို့ သိထားပါတယ်။ SCG ဟာဒီအစီအစဉ်ကနေ အာဆီယံဒေသတွင်းမှာတစ်နှစ်ကို ပညာသင်ဆု ၅၀၀၀ အထိချီးမြှင့်လျက်ရှိပါတယ် " လို့ SCG ရဲ့ မြန်မာနိုင်ငံဆိုင်ရာ Country Director မစ္စတာ ချာနာပွန်မီး ကပြောပါတယ်။

play

 

SCG ဟာပညာသင်ဆုလျှောက်လွှာတွေလက်ခံတာနဲ့ ပညာသင်ဆုအတွက်ရွေးချယ်တဲ့လုပ်ငန်းစဉ်တွေကို မြန်မာစီးပွားရေးအမှုဆောင်များအသင်း (MBE) နဲ့ လက်တွဲဆောင်ရွက်တာ ဖြစ်ပါတယ်။ SCG ရဲ့ Sharing The Dream အစီအစဉ်ဟာဆိုရင် ဒေသတွင်းကလူတွေရဲ့အသက်မွေးဝမ်းကျောင်းမှုတွေ တိုးတက်မြင့်မားလာစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ မြန်မာ၊ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ လာအို၊ အင်ဒိုနီးရှား နဲ့ ထိုင်းအပါအဝင် အာဆီယံနိုင်ငံတွေက ကျောင်းသားတွေကို ပညာသင်ဆုတွေပေးအပ်လျှက်ရှိတဲ့ ဒေသတွင်းအစီအစဉ်တစ်ခုပဲ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ