AD
AD
AD
play

 

နာမည်ကျော် Shopping Center လုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ စိန်ဂေဟာကသူတို့ရဲ့ ၈ ခုမြောက် စိန်ဂေဟာဈေးဝယ် စင်တာကို ဇွန်လ၊ ၂ ရက်နေ့က လှိုင်သာယာမြို့နယ်၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ စက်မှုဇုန် ၃ မှာ ဖွင့်လှစ်လိုက်ပါတယ်။

အခုအသစ်ဖွင့်လှစ်လိုက်တဲ့ စိန်ဂေဟာ(လှိုင်သာယာ) မှာ Moon Bakery၊ CP Five Star၊ All Rice၊ J Donut စတဲ့ နာမည်ကျော်အစားအသောက်ဆိုင်တွေပါဝင်ပြီး မင်္ဂလာရုပ်ရှင်ရုံနဲ့ Food Court တို့ကိုပါ တတိယထပ်မှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

play

 

၈ ခုမြောက်ဆိုင်ခွဲဖွင့်လှစ်တဲ့အထိန်းအမှတ်အနေနဲ့ စိန်ဂေဟာ(လှိုင်သာယာ)မှာ ကျပ် ၃ သောင်းဖို့ပြည့်ပါက ဗလာမပါ ၅၀၀ ကျပ်မှ ၅၀၀၀ ကျပ်ထိငွေသားဆုမဲတွေ၊ Buy 1 Get 1 ပရိုမိုးရှင်းတွေပြုလုပ်လျက်လည်း ရှိပါတယ်။

ပထမဆုံး စိန်ဂေဟာ ကို ၁၉၈၅ ခုနှစ်က လသာ ၁၉ လမ်းမှာစတင်ဖွင့်လှစ်ခဲ့တာကြောင့် စိန်ဂေဟာ အနေနဲ့ အောင်မြင်တဲ့ ဈေးဝယ်စင်တာလုပ်ငန်းကြီးအဖြစ်ရပ်တည်လာခဲ့တာ နှစ်ပေါင်း ၃၀ ကျော်ရှိလာပြီပဲ ဖြစ်ပါတယ်။

play

 

ပထမဆုံး စိန်ဂေဟာကိုဖွင့်လှစ်ပြီးတဲ့နောက်မှာ စိန်ကောင်းစိန်ဂေဟာ၊စူပါစင်တာ စိန်ဂေဟာ၊ လှည်းတန်းစိန်ဂေဟာ၊ဗိုလ်အောင်ကျော်စိန်ဂေဟာ၊ပါရမီစိန်ဂေဟာ နှင့် ကန်သာယာစိန်ဂေဟာတို့ကို တိုးချဲ့ဖွင့်လှစ်ခဲ့ကာ အခုအခါမှာ ၈ ခုမြောက်အဖြစ် လှိုင်သာယာမြို့နယ်မှာ ဖွင့်လှစ်လိုက်နိုင်တာပါ။

စိန်ဂေဟာအနေနဲ့ အနာဂတ်မှာ လှိုင်သာယာအပြင် တခြားမြို့နယ်အသီးသီးမှာပါ ဆိုင်ခွဲတွေထပ်မံ ဖွင့်လှစ်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick

AD