AD
AD
AD
play

 

မော်လမြိုင်ကဘော်ဒါတွေအတွက် ခရစ္စမတ်ညမှာ ငြိမ့်ညောင်းတဲ့ နာမည်ကျော်အဆိုတော်တွေရဲ့ ပေါ့ပ် နဲ့ Slow Rock ဂီတသံစဉ်တွေနဲ့ လွင့်မျောလို့ရမယ့် သတင်းကောင်းလေးတစ်ခုပေးချင်ပါတယ်။

အဲဒါကတော့ Myanmar Beer ကနေ စီစဉ်တင်ဆက်မယ့် The Evolution : The Bright ဂီတဖျော်ဖြေပွဲကြီးပါပဲ။

ဒီဇင်ဘာ၊ ၂၅ ရက်နေ့မှာ မော်လမြိုင် အမှတ်(၂)ကွင်းမှာကျင်းပသွားမယ့် The Evolution : The Bright ပွဲကြီးမှာ မြန်မာနိုင်ငံရဲ့လက်ရှိ လူကြိုက်အများဆုံး ပေါ့ပ် နဲ့ Slow Rock အဆိုတော်တွေဖြစ်တဲ့ လင်းလင်း၊ ဝေလ၊ ဝန၊ ဝိုင်းစုခိုင်သိန်း၊ အိမ့်ချစ် နဲ့ မိစန္ဒီ တို့ကပါဝင်ဖျော်ဖြေမှာပါ။

play

 

လက်မှတ်ဈေးက ၆၀၀၀ ကျပ်လို့သိရပြီး လက်မှတ်တွေကို Light House Restaurant ၊ မြသံလွင် စားသောက်ဆိုင်၊ Thai Star Restaurant ၊ ရွှေဇီးကွက် (၁) စားသောက်ဆိုင်၊ ထက်အောင်ရှိုင်းစားသောက်ဆိုင်၊ Thai Food Restaurant တို့မှာ ဝယ်ယူရရှိနိုင်သလို  ဒီဇင်ဘာလ ၂၂၊ ၂၃၊ ၂၄ နေ့ရက်တွေမှာ ကားနဲ့လှည့်လည်ပြီးလည်း ရောင်းချပေးတာကြောင့် အလွယ်တကူပဲ ဝယ်ယူနိုင်မှာပါ။

လူမှုကွန်ယက်မှာတွေ့မြင်ရတဲ့ ပုံတွေအရ The Evolution : The Bright အတွက်ပြင်ဆင်ထားတဲ့ စတိတ်စင်ကလည်း တခြား ဂီတဖျော်ဖြေပွဲတွေနဲ့မတူဘဲ ထူးခြားခမ်းနားနေတာကိုတွေ့ရတာကြောင့် အမိုက်စားအဆိုတော်တွေရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကြားမှာ ပျော်ရွှင်စွာခံစားစီးမျောလွင့်မျောနိုင်မှာ အသေအချာပါပဲ။

The Evolution : The Bright ဂီတဖျော်ဖြေပွဲမှာ ပါဝင်ဆင်နွှဲဖို့ လက်မှတ်ဝယ်ယူထားသူတွေအနေနဲ့ကို ကိုယ်ချစ်ခင်နှစ်သက်တဲ့ အဆိုတော်နဲ့ ဓါတ်ပုံတွဲရိုက်ခွင့်ရမယ့် အခွင့်အရေးတစ်ခုလည်း ရှိပါသေးတယ်။ အဲဒီအခွင့်အရေးကို ရယူဖို့အတွက်တော့ ဒီလင့်ခ် => https://www.facebook.com/TheEvolutionMyanmar/videos/549679038742316/

မှာ ဖော်ပြထားတဲ့ The Evolution Facebook Page က ဗွီဒီယိုရဲ့အောက်က comment မှာ ကိုယ်ဝယ်ယူထားတဲ့လက်မှတ် ရဲ့ဓါတ်ပုံနဲ့အတူ ကိုယ်နှစ်သက်တဲ့ အဆိုတော်ရဲ့အမည်ကို Comment ရေးသားရမှာဖြစ်ပါတယ်။ အဲဒီလို Comment ရေးသားပါဝင်သူတွေထဲကနေ ကံထူးတဲ့သူတွေကို မဲနှိုက်ရွေးချယ်ပြီး သူတို့နှစ်သက်တဲ့ အဆိုတော်နဲ့အတူဓါတ်ပုံတွဲရိုက်ခွင့်ရအောင် စီစဉ်ပေးသွားမှာပါ။ ဒီအစီအစဉ်က ဒီဇင်ဘာလ ၂၃ ရက်နေ့နောက်ဆုံးဆိုတော့ မြန်မြန်လေး ပါဝင်ဆင်နွှဲဖို့တော့ လိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD