AD
AD
AD

TNLA လက်နက်ကိုင်အဖွဲ့မှ ဆေးမှူးအမျိုးသမီးတွေ သေဆုံးခြင်းနဲ့ ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကလည်း ဇူလိုင် ၁၉ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

 

play
Photo - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

၂၀၁၈  ဇူလိုင်လ ၁၁ ရက်က TNLA လက်နက်ကိုင်အဖွဲ့ နဲ့ ဖြစ်ပွားခဲ့သော တိုက်ပွဲဖြစ်စဉ်မှာ
သေဆုံးမှုမှာပါဝင်ခဲ့တဲ့ အမျိုးသမီး ၅ ဦးနှင့်ပတ်သက်ပြီး ဖြစ်စဉ်အကြောင်းအရင်းအမှန်ကို တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ထုတ်ပြန်ချက်မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်အတွင်း စစ်ဆင်ရေးနှင့်
နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်း ၁ ကြောင်း ဟာ ဇူလိုင် ၁၁ ရက် နေ့လယ်မှာ TNLA အင်အား ၃၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်မတော်ဘက်က စစ်သည်တစ်ဦ ဒဏ်ရာရရှိခဲ့ပြီး၊ TNLA ဘက်မှ ရှစ်ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 

play

 

ပြောက်ကျားယူနီဖောင်းဝတ်အမျိုးသားအလောင်း ၃ လောင်း၊ ပြောက်ကျားယူနီဖောင်းဝတ်အမျိုးသမီး
အလောင်း ၅ လောင်း၊ လက်နယ်ငယ် ၃ လက်နဲ့ ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့ပြီး ရုပ်အလောင်းတွေကို စနစ်တကျ မြေမြှုပ်သဂြိုလ်ပေးခဲ့တယ်လို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တိုက်ပွဲဖြစ်စဉ်အသေးစိတ်ကို စိစစ်ရာ မန်တုံမြို့နယ်၊ မဟိုချောင်း၊ နမ့်နတ်-ဟွေလောင်း ဒေသတစ်ဝိုက်မှာ သတ္တုစမ်းသပ်တူးဖော်ခွင့်ရရှိထားတဲ့ နေ့သစ်အာရှသတ္တု တူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီ ၀န်ထမ်း ဦးစိုင်းကျော်အေးနဲ့ အဖွဲ့ဝင် ၃ ဦးမှလည်း တိုက်ပွဲမှာပါဝင်ကြောင်းသိရှိရပြီး
ကုမ္ပဏီပိုင် Toyota Hilux Double Cub ယာဉ်နှင့် နမ့်ခမ်းကို ဈေးဝယ်သွားစဉ် TNLA က ယာဉ်ကို တားပြီး အွယ်လောရွာသို့ ပို့ဆောင်ပေးဖို့ အကူအညီတောင်းခံပြီး လိုက်ပါစီးနင်းလာစဉ် အခုလိ  တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

တိုက်ပွဲအတွင်းကုမ္ပဏီဝန်ထမ်း ဦးစိုင်းကျော်အေးနဲ့ ဦးစိုင်းဖေ၀င်း၏ ညာခြေသလုံးတို့မှာ  ဒဏ်ရာအနည်းငယ်စီရရှိခဲ့ပြီး တရုတ်နိုင်ငံ၊ မန်စီမြို့ရှိ တာဟောင်တိုင်း
ဆေးရုံတွင် ဆေးကုသနေကြောင်း စိစစ်ဖော်ထုတ်ခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က   ထုတ်ပြန်ထားတာဖြစ်ပါတယ်။ 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick

AD