AD
AD
AD

ဗီယက်နမ်အခြေစိုက် Euro Window ကုမ္ပဏီက မြန်မာနိုင်ငံမှာ စက်ရုံလာဆောက်ပြီးသူတို့ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပြတင်းတံခါးတွေကို လာရောက်ထုတ်လုပ်သွားမှာဖြစ်တယ်လို့မတ်လ ၁၆ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

play

 

သူတို့ရဲ့ ပထဆုံး ကိုယ်စားလှယ်ရုံးခွဲကို လာရောက်ဖွင့်လှစ်ခဲ့ပြီးတော့ ဈေးကွက်ထုတ်ကုန်ကို မြှင့်တင်ဖို့အတွက် စက်ရုံကို လာမယ့် ၂၀၁၉ မှာစတင်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

‘အဆောက် အဦမျက်နှာစာရဲ့ ဒီဇိုင်းဟာ တည်ဆောက်လိုက်တဲ့အဆောက်အဦးတိုင်းအတွက် အရမ်းကို အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါက လှပပြီးအမြင်တင့်ရုံသာမကပဲ အဆင်ပြေလွယ်ကူစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ မီးဘေးကာကွယ်ရေး၊စွမ်းအင်ချွေတာရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးတို့ကိုလည်း ရရှိစေရပါမယ်။

ယနေ့ခေတ်မှာ မြန်မာဗိသုကာပညာရှင်တွေဟာ ဥရောပစံချိန်စံညွှန်းပြည့်မီတဲ့ အဆောက်အဦမျက်နှာစာဒီဇိုင်းကိုဖန်တီးနိုင်ဖို့ အရမ်းကိုပဲ အာရုံစိုက်လာကြပါတယ်။ Eurowindow အနေနဲ့မြန်မာနိုင်ငံသားများရဲ့ လူနေမှုဘဝအရည်အသွေးကို မြှင့်တင်ပေးဖို့အပြင် မြန်မာနိုင်ငံတစ်ဝှမ်းကအဆောက်အဦများအတွက် လှပခေတ်မီတဲ့အသွင်ကို ပံ့ပိုးပေးနိုင်ဖို့အတွက် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ရွေးချယ်လိုက်ရခြင်းဖြစ်ပါတယ်’  လို့Eurowindow ရဲ့ အမှုဆောင်အရာရှိချုပ် Mr.Nguyen Canh Hong ကပြောပါတယ်။

play

 

မြန်မာနိုင်ငံမှာ စက်ရုံတည်ဆောက်ပြီးစီရင် လာအို၊ ကမ္ဘောဒီးယားအပါအ၀င် ဂျပန်နဲ့ သြစတြေးလျ စတဲ့ နိုင်ငံတွေကိုပါ တင်ပို့နိုင်ဖို့အတွက် လုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick

AD