AD
AD
AD

နိုင်ငံတကာဆက်သွယ်ရေးဆိုင်ရာ သတင်းမီဒီယာကုမ္ပဏီတစ်ခုဖြစ်တဲ့ Capacity Media ကနေ ထုတ်ပြန်လိုက်တဲ့ ဆက်သွယ်ရေးကဏ္ဍမှာ စောင့်ကြည့်ရမယ့် အမျိုးသမီး ၂၀ စာရင်းမှာ တယ်လီနောမြန်မာက အမျိုးသမီးတစ်ဦးပါဝင်ခဲ့ပါတယ်။တယ်လီနောမြန်မာမှာ ဘဏ္ဍာရေးအရာရှိချုပ်ရာထူးနဲ့ တာဝန်ထမ်းဆောင်နေတဲ့ ဒေါ်ကာရိုလိုင်း ယဉ်ယဉ်ဌေး က မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ပါဝင်ခဲ့တာဖြစ်ပါတယ်။

play

 

အဲ့ဒီစာရင်းကို အင်္ဂလန်အခြေစိုက်မီဒီယာကုမ္ပဏီကနေ မတ်လ ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒေါ်ကာရိုလိုင်းက ၂၀၁၆ သြဂုတ်လကနေစတင်ပြီးတော့ တယ်လီနောမြန်မာရဲ့ ဘဏ္ဍာရေးအရာရှိချုပ်အနေနဲ့ စတင်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီးတော့ ၂၀၁၃ နိုဝင်ဘာကနေစတင်ပြီးတော့ တယ်လီနောမြန်မာမှာ Accounting and Tax အကြီးအကဲအနေနဲ့ စတင်လုပ်ကိုင်ခဲ့ပြီးတော့ ဆက်သွယ်ရေးကဏ္ဍမှာ လုပ်သက် ၁၆ နှစ်ကျော်ရှိနေသူဖြစ်တယ်လို့ အဲ့ဒီထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

play

 

အဲ့ဒီထုတ်ပြန်ချက်ကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်အနေနဲ့ ထုတ်ပြန်တာဖြစ်ပြီးတော့ ဆက်သွယ်ရေး ကဏ္ဍမှာထင်ရှားတဲ့အမျိုးသမီး၂၀ဦးကိုစစ်တမ်းကောက်ယူထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။

အဲ့ဒီ  ၂၀ ဦးကတော့ ETECSA ၊ Interoute ၊ PS Lightwave ၊ CenturyLink ၊ Telstra ၊  Ciena ၊ BICS၊ Telenor ၊ Colt ၊ PLDT ၊ Orange International Carriers ၊ Ghana ၊ GTT ၊ Sprint ၊ MainOne ၊ Telekom ICSS တို့က ထိပ်တန်းရာထူးတာဝန်ယူထားတဲ့ အမျိုးသမီးတွေပါဝင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD