play

 

ဈေးကွက်ထဲက လူကြိုက်များအသင့်စား ခေါက်ဆွဲအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Yum Yum ပုဇွန်ချဉ်စပ်ရဲ့ Nissan Sunny ကား ၈ စီးကံစမ်းမဲအစီအစဉ်အတွက် ပထမဆုံး ကံထူးရှင်တစ်ဦး ထွက်ပေါ်လို့လာပါပြီ။

အခုထွက်ပေါ်လာတဲ့ ကံထူးရှင်ဟာ နိုဝင်ဘာလအတွက် ကံထူးရှင်ဖြစ်ပြီး Nissan Sunny ကားသစ်ကြီးကို ဦးဦးဖျားဖျား ဆွတ်ခူးသွားခဲ့တာပါ။

နိုဝင်ဘာလရဲ့ကံထူးရှင်က မန္တလေးမှာ အလုပ်လုပ်နေတဲ့ မကွေးမြို့သား ကိုဇင်မိုးဖြစ်ပြီး ဝင်ရောက်ကံစမ်းသူပေါင်း ၃ သောင်းကျော်ထဲကနေမှ ကံထူးသွားခဲ့တာဖြစ်ပါတယ်။

play

 

ဒီကံစမ်းမဲအစီအစဉ်မှာ အကျုံးဝင်တဲ့ Yum Yum ခေါက်ဆွဲထုတ်က ကားပုံပါတဲ့ Yum Yum ပုဇွန်ချဉ်စပ်ခေါက်ဆွဲ ဖြစ်ပါတယ်။ ပါဝင်ကံစမ်းလိုတဲ့သူတွေအနေနဲ့ Lucky Yum Yum Application မှာ အမည်၊ ဖုန်းနံပါတ် တို့ဖြည့်ပြီး Register လုပ်ကာ အိတ်ခွံမှာပါတဲ့ ကုတ်နံပါတ် ၁၀ လုံးကို အဲဒီ Application ကနေ ပေးပို့ပြီးတော့ပဲဖြစ်ဖြစ် Yum Yum Call Center ဖုန်းနံပါတ် 01-2399799 ကိုဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ် ကံစမ်းခဲ့ရတာပါ။

နိုဝင်ဘာလ၊ ၁ ရက်နေ့ကနေစတင်တဲ့ အဲဒီကံစမ်းမဲအစီအစဉ်မှာ နိုဝင်ဘာလအတွင်း ဝင်ရောက်ကံစမ်းခဲ့သူအရေအတွက် က ၃၃၅၆၅ ဦးရှိခဲ့ပြီး ဒီဇင်ဘာလ ၇ ရက်နေ့က နိုဝင်ဘာလအတွက် ကံထူးရှင်ကို မီဒီယာသမားတွေ၊ ဧည့်သည်တော်တွေ ရှေ့မှောက်မှာ ပွင့်လင်းမြင်သာစွာရွေးချယ်ခဲ့ရာမှာ ကိုဇင်မိုးက ကံထူးသွားခဲ့တာပဲ ဖြစ်ပါတယ်။

play

 

နိုဝင်ဘာလအတွက် ကံစမ်းမဲအစီအစဉ်မှာ ဝင်ရောက်ကံစမ်းသူပေါင်း ၃ သောင်းကျော်သာရှိခဲ့ပြီး Yum Yum စားသုံးသူအရေအတွက်နဲ့ယှဉ်ရင် နည်းနေသေးတာကြောင့် လာမယ့်လတွေမှာ ကျန်တဲ့ကား ၇ စီးအတွက် ကံထူးရှင် ရွေးချယ်တဲ့ပုံစံကို ပိုမိုလွယ်ကူတဲ့ပုံစံမျိုးပြောင်းလဲသတ်မှတ်ထားကြောင်းကိုလည်း ရသာချိုစက်မှုလုပ်ငန်းလီမိတက်ရဲ့ ဈေးကွက်မြှင့်တင်ရေးဌာန ဒု-ဒါရိုက်တာ ဦးရဲမြတ်ထူးက ကြေညာသွားခဲ့ပါတယ်။

အခုပြောင်းလဲလိုက်တဲ့ပုံစံအရ ပါဝင်ကံစမ်းမယ့်သူတွေဟာ ကုတ် ၁၀ လုံးပါဝင်တဲ့ Yum Yum ပုဇွန်ချဉ်စပ် ကားပုံပါ အိတ်ခွံကိုသိမ်းထားရုံပဲ ဖြစ်ပါတယ်။ လာမယ့်လတွေမှာ ကံစမ်းမဲဖွင့်လှစ်တဲ့အခါ ထွက်ပေါ်လာတဲ့ ကုဒ်နံပါတ်နဲ့ ကိုယ့်ရဲ့နံပါတ် တူ၊မတူတိုက်ကြည့်ရမှာဖြစ်ပြီး ကံထူးတဲ့နံပါတ်ကို Yum Yum Myanmar Facebook Page နဲ့ www.yumyummyanmar.com တို့မှာ ကြေညာပေးသွားမှာဖြစ်သလို Yum Yum Call Center ဖုန်းနံပါတ် 01-2399799 ကိုဆက်သွယ်ပြီးတော့လည်း မေးမြန်းနိုင်မှာဖြစ်ပါတယ်။

ကံစမ်းမဲကာလကိုလည်း ယခင်က နိုဝင်ဘာလ၊ ၁ ရက်နေ့ကနေ ဇန်နဝါရီလ ၃၁ ရက်အထိသတ်မှတ်ထားခဲ့ရာကနေ အခုအခါမှာ နိုဝင်ဘာလ၊ ၁ ရက်နေ့ကနေ မတ်လ ၃၁ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။

အခု ဒီဇင်ဘာလ၊ ၇ ရက်နေ့မှာ Nissan Sunny ကားသစ်တစ်စီးကို ကံစမ်းမဲဖွင့်လှစ်ပေးခဲ့ပြီး ကျန်တဲ့ ၇ စီးကိုတော့ ၂၀၁၈ ခုနှစ် - ဇန်နဝါရီလ ၇ ရက်နေ့မှာ ၂ စီး၊ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ၂ စီးနဲ့ မတ်လ ၃၁ ရက်နေ့မှာ ၃ စီး မဲနှိုက်ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။

အဲဒီလိုမဲနှိုက်ဖွင့်လှစ်တဲ့အကြိမ်တိုင်းမှာ နိုဝင်ဘာလ၊ ၁ ရက်နေ့ကနေ မတ်လ ၃၁ ရက်နေ့အတွင်း ဝယ်ယူစားသုံးထားတဲ့ ကားပုံပါ Yum Yum ပုဇွန်ချဉ်စပ် အိတ်ခွံအားလုံးအကျုံးဝင်တာကြောင့် စားသုံးသူတွေအနေနဲ့ တစ်ကြိမ်ကံမထူးသေးရင် လည်း နောက်ထပ်ဖွင့်လှစ်တဲ့အကြိမ်တွေမှာ ဆက်လက်ကံစမ်းခွင့်ရှိဦးမှာဖြစ်ပါတယ်။

နိုဝင်ဘာလအတွက် ကံထူးသွားတဲ့ ကိုဇင်မိုးကို ဒီဇင်ဘာလ၊ ၈ ရက်နေ့က မန္တလေး Nissan Car Showroom မှာ ကားသော့နဲ့ကားအပ်နှင်းပွဲကျင်းပပေးခဲ့ပြီး အဲဒီပွဲကို ကံထူးရှင် ကိုဇင်မိုးနဲ့ သူ့ရဲ့မိခင်၊ မန္တလေးနဲ့မကွေးက သူ့ရဲ့မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ သတင်းမီဒီယာတွေပျော်ပျော်ပါးပါးတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video