AD
AD
AD

အင်တာမီလန်အသင်းက တစ်နှစ်လုပ်ခ ယူရို ၁၀ သန်းနဲ့ မက်လုံးပေးခေါ်ယူနေခဲ့တာ ဖြစ်ပြီး ရီးရဲအသင်းက လက်လွှတ်ဖို့ ခဲယဉ်းနေတာလည်း ဖြစ်ပါတယ်။

play
Photo - SPORTbible

 

အသင်းရဲ့ ကွင်းလယ်အဓိက ကစားသမား မိုဒရစ်ကို ရီးရဲမက်ဒရစ်အသင်းက နှစ်ဖက် တွေ့ဆုံပြီး စကားပြောဆိုမှု တစ်ရပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

မိုဒရစ်ကို စီးရီးအေ ကလပ် အင်တာမီလန်က ခေါ်ယူမယ်လို့ သတင်းထွက်ပေါ်လာခဲ့ပြီးနောက် ရီးရဲအသင်းကလည်း ပြောင်းရွှေ့ကြေးကို အဆ မတန် မြှင့်တင်လိုက်ပါသေးတယ်။

play
Photo - Football.London

 

မိုဒရစ်ကို ခေါ်မယ်လို့ ပြောထားတဲ့ အင်တာမီလန်ကို ရီးရဲ ဥက္ကဌ ပီရက်ဇ်က ယူရို သန်း ၇၅၀ ပေးမှ ရမယ်လို့ မဖြစ်နိုင်တဲ့ ဈေးနဲ့ ကန့်သတ်ထား ပါတယ်။

မိုဒရစ်အနေနဲ့ ရီးရဲနဲ့ ၂၀၂၀ အထိ စာချုပ်သက်တမ်း ရှိနေသူ ဖြစ်ပြီး တစ်နှစ်ကို ယူရို ၈ သန်း ၀င်ငွေရှိသူလည်း ဖြစ်ပြီး အသင်းရဲ့ လုပ်ခလစာ မြင့်မားတဲ့ ကစားသမားစာရင်းဝင်တစ်ဦးလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ အင်တာမီလန်အသင်းက တစ်နှစ်လုပ်ခ ယူရို ၁၀ သန်းနဲ့ မက်လုံးပေး ကမ်းလှမ်းလာခဲ့တာ ဖြစ်ပြီး မိုဒရစ်ကလည်း ကစားသမား အနာဂတ် စိန်ခေါ်မှုတွေ အတွက် အသင်းပြောင်းမယ်လို့ အင်တာမီလန်က ယုံကြည်နေပါတယ်။

ဒါကြောင့် ကစားသမားရဲ့ ဆန္ဒနဲ့ အသင်းရဲ့ ဆန္ဒကို နှစ်ဦးကြား တွေ့ဆုံဆွေးနွေးမှုကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ လေ့ကျင့်ရေးအပြီးမှာ မိုဒရစ်နဲ့ အသင်း ရဲ့ စီအီးအို ဂျို့စ်အိန်ဂျယ်ဆန်းချက်တို့ တွေ့ဆုံစကားပြောခဲ့တယ်လို့လည်းသိရပါတယ်။

အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ရော်နယ်ဒို အသင်းပြောင်းသွားလို့ အစားထိုးမယ့်လူကို ပြန်ရှာမရသေးပဲ ဖြစ်နေတဲ့ ရီးရဲအတွက် နောက်ထပ် ကွင်းလယ်အမာခံမိုဒရစ် ထွက်မယ်ဆိုတဲ့ သတင်းကလည်း များစွာ ရိုက်ခတ်နေပါတယ်။

ဒီအခြေအနေကို အခုလို မျက်နှာချင်းဆိုင် တွေ့ဆုံ စကားပြောခဲ့မှုက ဘယ်လောက်အထိ အကျိုးသက်ရောက်ပေးနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပြီး ရီးရဲအသင်းကတော့ ကောင်းမွန်တဲ့ အဖြေတစ်ခုကို ရရှိမယ်လို့ ယုံကြည်တယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD