AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ပရိသတ်တွေဟာ နည်းပြမော်ရင်ဟိုကို နည်းပြရာထူးကနေ ထုတ်ပယ်စေချင်နေကြပြီဖြစ်ပြီး အများစုက မော်ရင်ဟိုရဲ့ နည်းစနစ်ပိုင်းနဲ့ပတ်သက်ပြီး စိတ်ပျက်နေကြတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ တကယ်လို့ မော်ရင်ဟိုကို ထုတ်ပယ်ခဲ့မယ်ဆိုရင် မော်ရင်ဟိုကို ဘယ်လောက်အထိ ပေးချေရမလဲဆိုတာကို ပြောပြသွားမှာဖြစ်ပါတယ်။

play
Photos: Sky Sports

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြမော်ရင်ဟိုဟာ ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာ မပျော်မရွှင်ဖြစ်နေတဲ့ပုံကို ဖုံးကွယ်ထားခြင်းမရှိခဲ့ဘဲ အသင်းရဲ့ဘုတ်အဖွဲ့အနေနဲ့ ၎င်းရဲ့နောက်မှာ ရှိမနေဘူးလို့ ခံစားနေရတာဖြစ်ပါတယ်။ မော်ရင်ဟိုအနေနဲ့ လက်ရှိအမှတ်ပေးဇယားချန်ပီယံ မန်ချက်စတာစီးတီးအသင်းကို အမီလိုက်နိုင်ဖို့အတွက် ကစားသမားခေါ်ယူလိုပေမယ့် အသင်းက ခေါ်ယူမပေးနိုင်တဲ့အတွက် စိတ်ပျက်နေတာဖြစ်ပါတယ်။

 

The Sun ရဲ့သတင်းအရ နည်းပြမော်ရင်ဟိုဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေသေးပြီး ပုံမှန်အားဖြင့် နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရမယ်ဆိုရင် ၁ နှစ်လုပ်ခလစာ ပေါင် ၁၂ သန်းအတိုင်း ၂ ရာသီစာ တရားဝင်ပေးချေရမှာဖြစ်ပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းဟာ မော်ရင်ဟိုနဲ့ချုပ်ဆိုခဲ့တဲ့စာချုပ်မှာ ထပ်တိုးအချက်တွေထည့်ပြီး အပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။

play
Photos: Soccerladuma

 

အသင်းနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်ရဲ့ပြောကြားချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ မော်ရင်ဟိုရဲ့စာချုပ်ထဲမှာ တကယ်လို့ ရာထူးကနေ ထုတ်ပယ်ခြင်းခံရမယ်ဆိုရင် စာချုပ်သက်တမ်းကျန်ရှိတဲ့ ၂ နှစ်စာလုပ်ခလစာပြည့်အစား ၁ နှစ်လုပ်ခလစာကိုသာ ရရှိမယ်ဆိုတဲ့ အချက်ကို ထည့်သွင်းခဲ့တယ်လို့ သိရပါတယ်။

"ဒါက တော်တော်လေး ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ကိစ္စတစ်ခုပါ။ အဲဒီကိစ္စ ဘယ်ကနေ စဖြစ်လာလဲဆိုတော့ လူးဝစ်ဗန်ဟားလ်နဲ့ နောက်ဆုံးဆွေးနွေးမှုကနေ ဖြစ်လာတာပါ"

"အသင်းအနေနဲ့ နောက်ထပ်တစ်ကြိမ် အနာဂတ်မှာ ဗန်ဟားနဲ့တုန်းကလို ထပ်မဖြစ်ချင်တော့ပါဘူး။ အထူးသဖြင့် မော်ရင်ဟိုက ဗန်ဟားလ် ရခဲ့တာထက် ပိုတောင်ရနေတဲ့အခါမှာပေါ့"

"မန်ချက်စတာယူနိုက်တက်အသင်းက မော်ရင်ဟိုရဲ့လစာနဲ့ပတ်သက်ပြီး ညှိနှိုင်းနေတဲ့အချိန်မှာတောင်မှ ဗန်ဟားက ပိုက်ဆံကို တပြားလောက်ကအစ နည်းသေးတယ်ဆိုပြီး တွက်ကပ်နေတုန်းလေ"လို့ ပြောပြခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD