AD
AD
AD

ပရီးမီးယားလိဂ်ထိပ်သီးကလပ် စပါးအသင်းရဲ့အပြောင်းအရွှေ့ဈေးကွက်အတွင်း လှုပ်ရှားမှုအပေါ် ပရိသတ်တွေက ဒေါသထွက်ခဲ့ကြပါတယ်။ စပါးအသင်းဟာ အပြောင်းအရွှေ့ဈေးကွက်ပိတ်ချိန်အထိ ကစားသမားသစ်တစ်ဦးမှမခေါ်ယူနိုင်ခဲ့တဲ့အတွက် စပါးအမာခံပရိသတ်တစ်စုက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

play
Photo: The Sun

 

 

စပါးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွက် ကစားသမားသစ်လုံးဝ မခေါ်ယူနိုင်ခဲ့ပဲ အပြောင်းအရွှေ့ဘတ်ဂျတ်အသုံးစရိတ် သုညအထိဖြစ်ခဲ့ရပါတယ်။ ဒီလိုအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ငွေကြေးတစ်ပြားမှမသုံးခဲ့တဲ့အပေါ် ပရိသတ်တွေဒေါသထွက်ခဲ့ကြပြီး အမာခံပရိသတ်တွေက ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။

play
Photo: The Sun

 

စပါးပရိသတ်တွေဟာ အပြောင်းအရွှေ့ဈေးကွက်ပိတ်ချိန်ဖြစ်တဲ့ သြဂုတ်လ ၉ရက် ညနေ ငါးနာရီအချိန်အထိ မျှော်လင့်တကြီးစောင့်စားခဲ့ပေမယ့် အသင်းကို ကစားသမားသစ်တစ်ဦးမှာရောက်မလာတဲ့အတွက် ဒေါသထွက်ခဲ့ကြရပါတယ်။ ပရိသတ်တွေရဲ့ထုတ်ပြချက်ထဲမှာ စကားလုံး ၅၁၀အထိပါဝင်ပြီး အသင်းကို ဖြေရှင်းချက်ပေးဖို့တောင်းဆိုထားပါတယ်။

play

 

ထုတ်ပြန်ချက်ထဲမှာပါတဲ့စာသားအဆုံးသတ်မှာတော့ “ ကျွန်တော်တို့မှာ အသင်းအတွက် ပိုက်ဆံအများကြီး ထုတ်ပေးနိုင်တဲ့ဘုတ်အဖွဲ့ရှိတယ်။ ကမ္ဘာပေါ်မှာ လက်မှတ်ခဈေးကြီးပေးဝယ်ကြည့်နေတဲ့ ပရိသတ်တွေရှိတယ်။ အသင်းကို ဆက်ပြီး နက်နက်ရှိုင်းရှိုင်းအားပေးနေမှာပါ။ ဒါပေမယ့် အသင်းတာဝန်ရှိသူတွေအနေနဲ့ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာဘာတွေဖြစ်ခဲ့တာလဲဆိုတာကိုတော့ ရှင်းပြဖို့လိုပါမယ်။”လို့ရေးသားထားပါတယ်။

play

 

စပါးပရိသတ်တွေက ပေါင်သန်း ၈၅၀အထိသုံးစဲခဲ့ရတဲ့ အိမ်ကွင်းအသစ်စီမံကိန်းကြောင့် အပြောင်းအရွှေ့ဈေးကွက်မှာ ဘုတ်အဖွဲ့က ငွေမသုံးခဲ့တာဖြစ်နိုင်တယ်လို့လည်း သံသယရှိနေကြပါတယ်။ စပါးအသင်းဟာ အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင်မှာ အက်စတွန်ဗီလာကြယ်ပွင့် ဂျက်ဂရီလစ်ရှ် ကို ပေါင် ၂၅သန်းနဲ့ကမ်းလှမ်းခဲ့ပေမယ့် အပြောင်းအရွှေ့ကတော့ ဖြစ်မလာခဲ့ပါဘူး။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD