AD
AD
AD
play

 

အင်္ဂလန် ဘောလုံးလောကအတွင်း အချမ်းသာဆုံးဘောလုံးသမားအဖြစ် ဝိန်းရွန်နေးကို ကျော်လွန်ကာ အီဘရာဟီမိုဗစ်ခ်ျ ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။

Sunday Times Sport Rich List အတွက် ထုတ်ပြန်လိုက်တဲ့ စာရင်းအရ အီဘရာဟီမိုဗစ်ခ်ျဟာ လတ်တလောမှာ ဗြိတိန်ဘောလုံးလောကအတွင်း ဝင်ငွေအကောင်းဆုံးနဲ့ အချမ်းသာဆုံးဘောလုံးသမားဖြစ်နေပါတယ်။ ဘောလုံးလောကတစ်ခုတည်းမဟုတ်ပဲ ဗြိတိန်အားကစားလောက တစ်ခုလုံးရဲ့ အချမ်းသာဆုံးနေရာမှာတော့ အီဘရာဟီမိုဗစ်ခ်ျက အဆင့်-၂ နေရာမှာသာ ရှိနေပါတယ်။ ဖော်မြူလာဝမ်းပြိုင်ကားမောင်သမား လူးဝ္စဟာမီလ်တန်က ဗြိတိန်ရဲ့ အချမ်းသာဆုံး အားကစားသမားဖြစ်ပါတယ်။

play

 

ဒါပေမယ့် ဗြိတိန်နွယ်ဖွား ဘောလုံးသမားတွေထဲမှာတော့ မန်ယူအသင်းခေါင်းဆောင် ဝိန်းရွန်နေးက နံပတ်-၁ အချမ်းသာဆုံး ဘောလုံးသမားဖြစ်နေဆဲပါ။ အီဘရာဟီမိုဗစ်ခ်ျဟာ ဘောလုံးအားကစးက ရတဲ့ဝင်ငွေကြောင့်

ကြွယ်ဝချမ်းသာမှု ပေါင်သန်း ၁၁၀ ရှိပြီး အသစ်ဝင်တဲ့ဝင်ငွေလည်း ရှိနေပါသေးတယ်။ ဖော်မြူလာဝမ်း ပြိုင်ကားမောင်းသမား ဟာလ်မီတန်ကတော့ ပိုင်ဆိုင်ကြွယ်ဝမှု ပေါင် ၁၃၁ သန်းရှိလာပါပြီ။

ဗြိတိန်အားကစားလောကအတွင်း ထိပ်သီးဝေငွေရရှိကြသူတွေအထဲမှာ ဘောလုံးလောကမှ ငါးဦး ပါဝင်ခဲ့ပါတယ်။ အီဘရာဟီမိုဗစ်ခ်ျ၊  ဝိန်းရွန်နေးနဲ့ ရီးရဲလ်မက်ဒရစ်ကစားသမား ဂါရက်ဘေးလ်တို့ ဖြစ်ပြီး နောက်ထပ်နှစ်ဦးကတော့ နည်းပြမော်ရင်ဟိုနဲ့ ဂွါဒီယိုလာတို့ ဖြစ်ပါတယ်။

နည်းပြမော်ရင်ဟိုရဲ့ ကြွယ်ဝမှုက စတာလင်ပေါင် ၆၁ သန်းရှိလို့ ဂါရက်ဘေးလ်ထက်ပိုများပြီး ဂွါဒီယိုလာကတော့ ကြွယ်ဝမှု ပေါင်သန်း ၅၀ ရှိပါတယ်။ ဂွါဒီယိုလာနဲ့ အီဘရာဟီမိုဗစ်ခ်ျက ဗြိတိန်အားကစားလောကအတွင်းကို ဒီနှစ်မှ ရောက်ရှိလာကြတာပါ။

Source & Photo : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD