AD
AD
AD

အာဆင်နယ်ကို ရှုံးနိမ့်ပြီးနောက် မန်ယူအသင်း အဆင့်-၄ ဝင်ခွင့်ရဖို့ မဖြစ်နိုင်တော့ဘူးလို့ မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။

play

 

ယမနေန့ညက ကစားခဲ့တဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းက မန်ယူအသင်းကို အိမ်ကွင်းအမ်းမရိတ်မှာ

နှစ်ဂိုးပြတ်အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းကို အနိုင်ယူပြီးတဲ့နောက် အာဆင်နယ်အသင်းက အဆင့်-၆ နေရာမှာ ဆက်လက်ရပ်တည်နေရဆဲ ဖြစ်ပေမယ့် တစ်ပွဲလျော့ကစားထားတာ ဖြစ်လို့ အဲဒီတစ်ပွဲ အနိုင်ရမယ်ဆိုရင် မန်ယူအသင်းကို ကျော်လွန်ကာ အဆင့်-၅ နေရာ ရောက်လာမှာ ဖြစ်ပါတယ်။

အနည်းငယ်သာ ကျန်တော့တဲ့ လက်ကျန်ပွဲစဉ်တွေအတွင်းမှာ အခြားအသင်းတွေက တစ်ပတ်တစ်ပွဲနှုန်း ကစားရမှာဖြစ်ပြီး  မန်ယူအသင်းကတော့ တစ်ပတ်နှစ်ပွဲနှုန်း ကစားရမှာဖြစ်တယ်လို့ မော်ရင်ဟိုကပြောပါတယ်။ တစ်ပတ်တစ်ပွဲပဲ ကစားရတဲ့အသင်းတွေက ပရီးမီးယားလိဂ်မှာ မှာ ရှုံးမှာမဟုတ်ဘူးလို့ မော်ရင်ဟိုက သုံးသပ်ပါတယ်။

play

 

မန်ယူအသင်း ချန်ပီယံလိဂ် ဝင်ခွင့်ရမလားမဆိုတဲ့ မေးခွန်းကို မော်ရင်ဟိုက အခုလို ပြန်ဖြေပါတယ်။ " ကျွန်တော်ကတော့ မထင်တော့ပါဘူး။ မဖြစ်နိုင်တော့ဘူး။ အကြောင်းပြချက် နှစ်ခုရှိပါတယ်။ ပြိုင်ဘက်အသင်းတွေက တစ်ပတ်တစ်ပွဲပဲ ကစားမှာလေ။ ကျွန်တော်တို့က ကြာသပတေးနေ့မှ ယူရိုပါလိဂ် ကစားရဦးမယ်။ ပြီးရင်စပါးနဲ့ တွေ့ရမယ်" လို့ မော်ရင်ဟိုက ပြောခဲ့တာဖြစ်ပါတယ်။

play

 

ဒါပေမယ့် အာဆင်နယ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ မန်ယူအသင်းရဲ့ ခြေစွမ်းကိုတော့ အားရကျေနပ်တယ်လို့ ဆိုပါတယ်။ ရှုံးခဲ့တယ်ဆိုပေမယ့် မန်ယူအသင်းခြေစွမ်းဟာ အရှုံးနဲ့ မထိုက်တန်ဘူးလို့ မော်ရင်ဟိုက ချေပခဲ့ပါတယ်။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD