AD
AD
AD

မန်ယူရဲ့ ဥရောပအဆင့်ပြိုင်ပွဲ ယှဉ်ပြိုင်မှု Highlight


မန်ချက်စတာယူနိုက်တက်ဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အေဂျက်အသင်းကို ရှုံးနိမ့်ခဲ့ပါက ပေါင်စတာလင် သန်း ၅၀ နစ်နာဆုံးရှုံးရမယ်လို့ သိရပါတယ်။ ယူရိုပါလိဂ်ဗိုလ်လုပွဲကို မြန်မာစံတော်ချန် မေလ ၂၅ ရက် မနက် ၁း၁၅ မှာ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အနိုင်ရပြီး ချန်ပီယံဖြစ်တဲ့ အသင်းက လာမယ့် ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို တိုက်ရိုက်ဝင်ခွင့်ရမှာလည်း ဖြစ်ပါတယ်။

play


မန်ယူအသင်းဟာ Adidas နဲ့ ချုပ်ဆိုထားတဲ့ ပေါင်စတာလင် သန်း ၇၅၀ တန် ၁၀ နှစ်သက်တမ်း စပွန်ဆာစာချုပ်အရ ၂ နှစ်ဆက်တိုက် ချန်ပီယံလိဂ်ဝင်ခွင့်မရပါက တစ်နှစ်စပွန်ဆာကြေးမှ ပေါင်စတာလင် ၂၁ သန်း ဖြတ်တောက်ခံရမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မန်ယူဟာ ချန်ပီယံလိဂ်မှာ ကစားခွင့်ရပါက ပေါင်စတာလင် သန်း ၃၀ ကျော် ဝင်ငွေရရှိနိုင်ပါတယ်။ ထိုအခြေအနေအရ မန်ယူဟာ ချန်ပီယံလိဂ်ဝင်ခွင့်မရပါက စုစုပေါင်း ပေါင်စတာလင် သန်း ၅၀ ကျော် ဆုံးရှုံးရမှာ ဖြစ်ပါတယ်။

play


မန်ယူရဲ့ ဘဏ္ဍာရေးအရာရှိ ကလစ်ဖ်ဘတ်တီက "ကျွန်တော်တို့အတွက် ပိုကြီးတဲ့ ဆုကတော့ Adidas နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ပါပဲ" လို့ ပြောပါတယ်။ မန်ယူအသင်းဟာ ချန်ပီယံလိဂ်မှာ ယှဉ်ပြိုင်ခွင့်ရခဲ့ပါက ပေါင်စတာလင် သန်း ၄၀ နဲ့ ၅၀ ကြား ဝင်ငွေရရှိနိုင်ပြီး ယူရိုပါလိဂ်မှာတော့ ပေါင်စတာလင် ၁၅ သန်းနဲ့ သန်း ၂၀ ကြား ဝင်ငွေရနိုင်ကြောင်း ဘတ်တီက ဆိုပါတယ်။ မန်ယူဟာ ချန်ပီယံလိဂ်ဆုဖလား ၃ ကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီး ယူရိုပါလိဂ်ဆုဖလား ရရှိထားခြင်း မရှိကြောင်း သိရပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD