AD
AD
AD

၂၀၁၆-၁၇ ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ် ပြိုင်ပွဲက ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ ဘယ်သူတွေတန်းဆင်းသွားသလဲ၊ ဘယ်သူတွေ ဘာပြိုင်ပွဲဝင်ခွင့်ရပြီး ဘယ်သူတွေ တန်းဆင်းဇုန်ကလွတ်အောင် ရုန်းကန်ခဲ့ကြပါသလဲ။

ချယ်လ်ဆီးကတော့ ပြိုင်ပွဲမပြီးခင် နှစ်ပတ်လောက်အလိုမှာကတည်းက ချန်ပီယံ ဖြစ်ခဲ့တာပါ။ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ ရလဒ်အရ အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပြီဖြစ်ပါတယ်။ စပါးအသင်းက နောက်ဆုံးပွဲစဉ်ကိုပါ အနိုင်ကစားပြီး အဆင့်-၂ နေရာနဲ့ ရာသီသိမ်းဖို့ သေချာစေခဲ့ပါတယ်။

play


နောက်ဆုံးနေ့ ပွဲစဉ်တွေမှာ မန်စီးတီးအသင်းက ဝက်ဖို့ဒ်အသင်းကို ငါးဂိုးပြတ်အနိုင်ယူခဲ့ပြီး လီဗာပူးကလည်း မစ်ဒယ်ဘရော့ကို သုံးဂိုးပြတ်အနိုင်ယူသွားခဲ့ပါတယ်။ ဒီနှစ်သင်းလုံး နောက်ဆုံးပွဲစဉ်မှာ အနိုင်ရရုံတင်မဟုတ်ဘဲ ဂိုးပါပြတ်သွားခဲ့လို့ အာဆင်နယ်ရဲ့ အဲဗာတန်အသင်းပေါ် နိုင်ပွဲဟာ အရာမရောက်သွားခဲ့ပါဘူး။ နောက်ဆုံးအချိန်ထိ ကြိုးစားခဲ့ပေမယ့် အာဆင်နယ်က ချန်ပီယံလိဂ်ဝင်ခွင့်ရတော့မှာ မဟုတ်ပဲ ယူရိုပါလိဂ်သာ ဝင်ခွင့်ရတော့မှာပါ။

- ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို စပါးတိုက်စစ်မှူး ဟယ်ရီကိန်း ရရှိ

play
ချန်ပီယံလိဂ်နဲ့ လွဲချော်သွားတဲ့ အာဆင်နယ်


အဆင့်-၆ နေရာနဲ့ ရာသီသိမ်းတဲ့ မန်ယူအသင်းကလည်း ယူရိုပါလိဂ်ဝင်ခွင့်ရဖို့ သေချာလျှက်ရှိပါတယ်။ ဒါပေမယ့် ရက်ပိုင်းအတွင်း ကစားတော့မယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ အနိုင်ရပြီဆိုရင်တော့ လာမယ့်ရာသီမှာချန်ပီယံလိဂ် ဝင်ကန်ခွင့်ရမှာ ဖြစ်ပါတယ်။  အဲဗာတန်အသင်းက အဆင့်-၇ နဲ့ ရာသီပြီးဆုံးသွားလို့ ယူရိုပါလိဂ်ကို ခြေစစ်ပွဲ ကစားရမှာ ဖြစ်ပါတယ်။

play
ချန်ပီယံလိဂ် ခြေစစ်ပွဲကစားခွင့် ရသွားတဲ့ လီဗာပူး


ထူးခြားတာက ဝက်ဖို့ဒ်အသင်းဖြစ်ပါတယ်။ ဝက်ဖို့ဒ်အသင်းဟာ မေလထဲမှာ ငါးပွဲကစားခဲ့ရပြီး တစ်ပွဲမှ မနိုင်တဲ့အပြင် နောက်ဆုံးခြောက်ပွဲဆက် ရှုံးခဲ့တဲ့အသင်းပါ။ ဒါပေမယ့် တန်းဆင်းဇုန်နဲ့ ပွတ်ကာသီကာ လွတ်သွားခဲ့ပြီးအဆင့်-၁၇ မှာ ရာသီသိမ်းခဲ့တယ်လို့ သိရပါတယ်။ တန်းဆင်းသွားခဲ့ရတဲ့ အသင်းတွေကတော့ ဆန်းဒါးလန်း၊ မစ်ဒယ်ဘရော့နဲ့ ဟားလ်စီးတီးတို့ ဖြစ်ပါတယ်။ ဒီသုံးသင်းလုံး နောက်ဆုံးပွဲမှာ ရှုံးနိမ့်ခဲ့ကြပါတယ်။

- ဥရောပလိဂ် ဘောလုံးပွဲရလဒ်များ (မေ ၂၀ - ၂၂)

play
တန်းဆင်းရတဲ့ မစ်ဒယ်ဘရော့ကို ဂိုးသွင်းခဲ့တဲ့ ကော်တင်ဟို


နောက်နှစ်မှာ ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို တန်းတက်လာမယ့်အသင်းတွေက နယူးကာဆယ်နဲ့ ဘရိုက်တန်တို့ ဖြစ်ပါတယ်။ လက်ကျန်တစ်နေရာအတွက် အသင်းလေးသင်း ကစားတဲ့ play-offs ပွဲစဉ်တွေကတော့ ဗိုလ်လုပွဲ ကစားဖို့ ကျန်နေသေးပြီး ရီးဒင်းနဲ့ ဟက်ဒါဖီးလ်တို့ ကစားကြရမှာပါ။

play
အကောင်းဆုံး ဂိုးသမားဆုရှင် ကော့တွစ်


ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို စပါးတိုက်စစ်မှူး ဟယ်ရီကိန်း ရခဲ့သလို အကောင်းဆုံးကာကွယ်ခဲ့တဲ့ ရွှေလက်အိတ် ဂိုးသမားဆုကိုတော့ ချယ်လ်ဆီးဂိုးသမား ကော့တွစ်ရရှိခဲ့ပါတယ်။ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုရှင်ကလည်း ချယ်လ်ဆီးကစားသမား ကန်တေဖြစ်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD