AD
AD
AD

မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ ၆၀ ရာခိုင်နှုန်းလောက် သေချာနေပြီဖြစ်ကြောင်း အသလက်တီကိုအသင်း ကစားသမား ဂရိဇ်မန်းက ပြောကြားလိုက်ပါတယ်။

 

အရေးပါတဲ့ ဆုံးဖြတ်ချက်နှစ်ခု ချပြီးတဲ့အခါကျရင် အပြောင်းအရွှေ့ကိစ္စကို အတည်ပြုလို့ရပြီလို့ ဆိုပါတယ်။ ဂရိဇ်မန်းနဲ့ မန်ယူအသင်းအကြား အပြောင်းအရွှေ့ကိစ္စဟာ သတင်းထွက်နေခဲ့တာ ကြာပြီဖြစ်ပေမယ့် အခုချိန်မှ ကာယကံရှင်တွေဘက်က ပထမဆုံးအတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။ ပြင်သစ်သတင်းဌာန Qoutidien နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဂရိဇ်မန်းက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

play

 

ခင်ဗျား နောက်ရာသီအသင်းပြောင်းဖို့ အစီအစဉ်ရှိလားလို့ အင်တာဗျူးဖြေဆိုသူက မေးမြန်းခဲ့တာဖြစ်ပါတယ်။ ဖြစ်နိုင်ပါတယ်လို့ ဂရိဇ်မန်းက ဖြေကြားခဲ့တာဖြစ်ပြီး ရာနှုန်းဘယ်လောက်ရှိလဲလို့မေးတဲ့အခါမှာတော့ ရာနှုန်း ခြောက်ဆယ်ရှိတယ်လို့ ဂရိဇ်မန်းက ပြန်ဖြေခဲ့ပါတယ်။ " အသင်းပြောင်းဖို့ရှိတယ်ဆိုတော့ ၁၀ ပေးမယ်ဗျာ။ ၁၀ အသင်းပြောင်းဖို့သေချာတယ်ပေါ့။ အဲဒါဆို ခင်ဗျား နံပတ် ဘယ်လောက်အထိ သေချာနေပြီလဲ" လို့ မေးတဲ့အခါ " ခြောက်ပေါ့ဗျာ" လို့ ဂရိဇ်မန်းက ပြောပါတယ်။

play

 

နောက်နှစ်ပတ်အတွင်း ဒီဆုံးဖြတ်ချက်အပြီးသတ်ချရဖွယ်ရှိတယ်လို့လည်းဂရိဇ်မန်းက ပြောပါတယ်။ မန်ယူအသင်းနဲ့ ပတ်သတ်ပြီး ဂရိဇ်မန်းက ပထမဆုံးအကြိမ်ထုတ်ပြောခဲ့တဲ့အပေါ် အင်တာဗျူးမေးမြန်းခဲ့သူကပါ အံ့အားသင့်ခဲ့ရပြီး ပရိသတ်တွေလည်း အံ့အားသင့်ခဲ့ကြရပါတယ်။ မန်ယူအသင်းက ရက်ပိုင်းအတွင်းမှာပဲ ယူရိုပါလိဂ်ပွဲစဉ် ကစားရမှာဖြစ်ပြီး ဗိုလ်လုပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။ မန်ယူအသင်း ချန်ပီယံလိဂ် ဝင်ခွင့်ရတာ သေချာဖို့ကို ဂရိဇ်မန်း စောင့်ဆိုင်းနေတာဖြစ်နိုင်ပါတယ်။

 

ဂရိဇ်မန်းက ပြီးခဲ့တဲ့ လာလီဂါ ဘောလုံးရာသီမှာ အသင်းအတွက် ၁၆ ဂိုးသွင်းယူပေးခဲ့ပြီး အသင်းဖော်တွေ ဂိုးသွင်းခွင့်ရအောင် အခွင့်အရေး ၅၇ ကြိမ်ဖန်တီးပေးနိုင်ခဲ့သူဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD