AD
AD
AD

ချယ်လ်ဆီးနဲ့ အာဆင်နယ်တွေ့ကြမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲက မေလ ၂၇ ရက်နေ့ရောက်တဲ့အခါ ဝင်ဘာလေမှာ ကစားကြရတော့မှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းကပဲ သူတို့အတွက် ၁၃ ကြိမ်မြောက် အက်ဖ်အေဖလားကို ရသွားမလား၊ ချယ်လ်ဆီးကပဲ ပရီးမီးယားလိဂ်ဖလားနဲ့အတူ ဒီရာသီဖလားနှစ်လုံးရတဲ့အသင်း ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။ ဒီပွဲကို အဆုံးအဖြတ်ပေးမယ့် အချက် (၄) ချက်ရှိပါတယ်။

 

၁။ အာဆင်နယ် ခံစစ်အကျပ်အတည်း

play
ပွဲပယ်ခံထားရတဲ့ ကိုစီရယ်နီ

 

အာဆင်နယ်အသင်းဟာ ဗိုလ်လုပွဲမတိုင်ခင် ခံစစ်အကျပ်အတည်း ဖြစ်နေပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီါ်ယားလိဂ် နှစ်ပွဲမှာ အာဆင်နယ်အသင်းက ခံစစ်ကစားသမား သုံးဦး ဆုံးရှုံးလိုက်ရပါတယ်။ အဲဗာတန်နဲ့ ကစားခဲ့တဲ့ နောက်ဆုံးပွဲမှာ ကိုစီရယ်နီ အနီကတ်နဲ့ ထွက်ရလို့ ဒီပွဲလွဲတော့မှာဖြစ်ပါတယ်။ ဂါဘရီရယ်လည်း ဒဏ်ရာက မသက်သာသေးသလို၊ မူစတာဖီပါ ဒဏ်ရာကြောင့် ပါဝင်ဖို့ မသေချာဖြစ်နေပါပြီ။ အာဆင်နယ်ဗဟိုခံစစ်မှာ  မာတီဆက်ကာနဲ့ ရော့ဘ်ဟိုးလ်ဒင်းဆိုတဲ့ ကစားသမားနှစ်ဦးသာ ရှိပါတော့တယ်။ မာတီဆက်ကာဟာ တစ်ရာသီလုံး အာဆင်နယ်အတွက် ပွဲထွက်မကစားရသေးသူ ဖြစ်ပါတယ်။

 

၂။ ဘယ်ကစားကွက်သုံးမလဲ

play

 

ချယ်လ်ဆီးကတော့ ပုံမှန်အတိုင်း နောက်ခံလူသုံးဦးထားတဲ့ ကစားကွက်နဲ့ ပွဲထွက်မှာပါ။ အာဆင်နယ်ဘယ်ကစားကွက်သုံးမလဲ စဉ်းစားရမှာဖြစ်ပါတယ်။ နည်းပြအာစင်ဝင်းဂါး စွန့်စားပြီးတော့ နောက်တန်း သုံးဦးထားတဲ့ ၃-၄-၂-၁ ကစားကွက် ဒါမှမဟုတ် ၄-၃-၂-၁ ကစားကွက်တွေကို အသုံးပြုလာနိုင်ပါတယ်။ မာတီဆက်ကာက လူကပ်ကစားပုံ သိပ်မတိကျလို့ ချယ်လ်ဆီးရဲ့ တန်ပြန်တိုက်စစ်ဒဏ်ကို အာဆင်နယ်ခံစားရဖွယ်ရှိပါတယ်။ သုံးယောက်ခံစစ်ကစားရင်တော့ တောင်ပံခစစ်မှာ ကစားနေကြ မွန်ရီရဲလ်ဟာ ဗဟိုခံစစ်ပုံစံကို ပြောင်းလဲ ကစားရတော့မှာပါ။

လေးယောက်ခံစစ်ဆိုရင်တော့ ဗဟိုခံစစ်မှာ မာတီဆက်ကာနဲ့ ရော့ဘ်ဟိုးလ်ဒင်းရှိမှာဖြစ်ပြီး မွန်ရီရဲလ်နဲ့ ဘယ်လာရင်က အစွန်ထွက်ကစားရမှာဖြစ်ပါတယ်။ ဒီခံစစ်ပိုဦးစားပေးမလား ကွင်းလယ်ဦးစားပေမလား အာစင်ဝင်းဂါး စဉ်းစားရမှာပါ။

 

၃။ ကွင်းလယ်

play
အာဆင်နယ်ကစားသမား ရှာခါနဲ့ ချယ်လ်ဆီးကစားသမား ကန်တေ

 

ချယ်လ်ဆီးကွင်းလယ်ကတော့ ကန်တေနဲ့ မာတစ်တို့ကို အားပြုပြီးပွဲထွက်လာမှာပါ။ ကွင်းလယ်မှာ အာဆင်နယ်ရဲ့ အင်အားကလည်း ချယ်လ်ဆီးထက်တော့ မလျော့ပါဘူး။ ရှာခါက ဗဟိုကွင်းလယ်မှာ ရှိမှာဖြစ်ပြီး ရမ်ဆေးနဲ့ တွဲကစားရမှာပါ။ အိုဇေးလ်ကတော့ တိုက်စစ်ကိုပိုပြီးလိုက်ပါကစားရဖို့များပါတယ်။ အာဆင်နယ်ဂိုး ရ၊ မရဆိုတာ ရမ်ဆေးနဲ့ ရှာခါရဲ့ ဖန်တီးမှုတွေအပေါ်လည်း များစွာမူတည်နေမှာပါ။

 

၎။ အရန်စာရင်း

play

 

ချယ်လ်ဆီးအတွက် ပြဿနာက အရန်စာရင်းပါပဲ။ ပွဲထွက်အင်အားတောင့်တင်းပေမယ့် ချယ်လ်ဆီးအရန်စာရင်းမှာ ပွဲအဖြေပြောင်းနိုင်တဲ့ ကစားသမားဆိုလို့ ဖာဘရီဂတ်စ်၊ ဘက်ရှုရီ၊ ဝီလျံတို့လောက်သာ ရှိပါတယ်။ အာဆင်နယ်ဘက်မှာတော့ အရန်စာရင်းထဲမှာ တိုက်စစ်အတွက် ဝဲလ်ကော့တို့ ဂျီရုဒ်တို့လည်း ရှိနေပါသေးတယ်။ ဒါ့အပြင် Plan C အဖြစ် ဝဲလ်ကော့နဲ့ အီဝိုဘီလည်း ရှိနေပြန်ပါတယ်။ အချိန်ပို ကစားရရင် ကစားသမားလေးဦးအထိ လဲလှယ်ခွင့်ရမှာပါ။ ဒါကြောင့် အရန်စာရင်းမှာ အာဆင်နယ်က ပိုသာနေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD