AD
AD
AD

အာဆင်နယ်အသင်းက နည်းပြအာစင်ဝင်းဂါးကို နှစ်နှစ်စာချုပ်သက်တမ်း ထပ်တိုးဖို့ ဘုတ်အဖွဲ့အစည်းအဝေးမှာ သဘောတူညီမှု ရသွားပြီလို့ သိရပါတယ်။ ဒါပေမယ့်အပြောင်းအလဲ အနည်းငယ်တော့ ဖြစ်လာမယ်လို့ ဆိုပါတယ်။

 

အင်္ဂါနေ့မှာ ပြုလုပ်ခဲ့တဲ့ အသင်းရဲ့ ဘုတ်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ နည်းပြအာစင်ဝင်းဂါးကို ယခင် အစီအစဉ်အတိုင်း နှစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်တော့မှာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ အဓိက ရှယ်ယာပိုင်ရှင်  ခရိုအန်ကီးရဲ့အားပေးထောက်ခံမှုနဲ့အတူ ဘုတ်အဖွဲ့က စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းကို ၁၉၉၆-၉၇ ဘောလုံးရာသီမှာ စတင်ကိုင်တွယ်ခဲ့တဲ့ အာစင်ဝင်းဂါးဟာ အင်္ဂါနေ့မှာ အသင်းဒါရိုက်တာတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးပြီလို့ သိရပါတယ်။

play

 

အာဆင်နယ်အသင်းက ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့ပေမယ့်လည်း လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ပြန်လည်ယှဉ်ပြိုင်နိုင်လိမ့်မယ်လို့ အသင်းရှယ်ယာပိုင်ရှင် ခရိုအန်ကီးက ယုံကြည်လျက်ရှိပါတယ်။ ဒါပေမယ့် နည်းပြအာစင်ဝင်ဂါးရဲ့ လာမယ့် နှစ်နှစ်သက်တမ်းမှာ အသင်းအမှုဆောင်ချုပ် ဂါဇီဒစ်က ဆုံးဖြတ်ချက်အချို့ကို ဝင်ရောက်ချမှတ်ဖွယ် ရှိနေပါတယ်။

play
အသင်းရှယ်ယာရှင် ခရိုအန်ကီးနှင့် အာစင်ဝင်းဂါး

 

နည်းပြအာစင်ဝင်းဂါးဟာ သူ့ရဲ့နည်းစနစ်နဲ့ပတ်သက်လာရင် ခေါင်းမာသူတစ်ဦးအဖြစ်နာမည်ကြီးပါတယ်။ အသင်းအမှုဆောင်ချုပ် ဂါဇီဒစ်ကတော့ အသင်းရဲ့ ဂိုးနည်းပြအဖွဲ့အပါအဝင် လက်ထောက်နည်းအဖွဲ့ဝင်တွေကို အပြောင်းအလဲ ပြုလုပ်ဖို့ လိုတယ်လို့ စဉ်းစားထားသူဖြစ်ပါတယ်။ အသင်းရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ သုံးသပ်ချက်တွေမှာလည်း အားနည်းနေတယ်လို့ ဂါဇီဒစ်က ရှုမြင်တဲ့အတွက် အာစင်ဝင်းဂါးရဲ့ နောက်ကွယ်က နည်းပြအဖွဲ့နဲ့ နည်းစနစ်အဖွဲ့ကို အပြောင်းအလဲပြုလုပ်ပေးချင်နေတာလို့ ဗြိတိန်မီဒီယာတွေက ရေးသားဖော်ပြထားပါတယ်။

play

 

လာမယ့်ရာသီမှာ အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြန်လည်ချဉ်းကပ်ရာမှာ အထောက်အကူ ပြုဖို့အတွက် ဆန်းချက်ဇ်နဲ့အိုဇေးလ်ကို ငွေကြေးများစွာ သုံးစွဲပြီး စာချုပ်သက်တမ်းတိုးဖို့အတွက် အာဆင်နယ်အသင်း ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD