AD
AD
AD

ယနေ့ မန်စီးတီးအသင်းမှာ ကြယ်ပွင့်ကစားသမား ဖြစ်နေတဲ့ ဂါဘရီရယ်ဂျီးဆက်စ်ဟာ လွန်ခဲ့တဲ့ ၃ နှစ်က ဘရာဇီးမှာ ဆေးသုတ်ခဲတဲ့ အဖြစ်ကို မမေ့သူဖြစ်ပါတယ်။

 

လက်ရှိ မန်စီးတီးအသင်းရဲ့တိုက်စစ်မှာ အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် နေရာရနေပြီး တစ်ပတ်လုပ်ခလစာ ပေါင် ၇ သောင်းခွဲအထိ ရရှိနေသူ ဖြစ်ပါတယ်။ လူငယ်တိုက်စစ်မှူး ဂါဘရီရယ်ဟာ လွန်ခဲ့တဲ့ ၃ နှစ်က မွေးရပ်မြေ ဘရာဇီးနိုင်ငံ၊ ဆော်ပေါ်လိုမြို့မှာ နေထိုင်ခဲ့သူဖြစ်ပြီး အဲဒီတုန်းက အသက် ၁၇ နှစ်အရွယ်သာ ရှိပါသေးတယ်။

play

 

ဂါဘရီရယ် ၁၇ နှစ်သားအရွယ်မှာ ဘရာဇီးနိုင်ငံက ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားကို ကျင်းပဖို့ ပြင်ဆင်နေချိန်လည်းဖြစ်ခဲ့ပါတယ်။ ဆော်ပေါ်လိုမြို့သားတစ်ယောက်ဖြစ်တဲ့ ဂါဘရီရယ်ဟာ ကမ္ဘာ့ဖလားလာကြည့်မယ့် ပရိသတ်တွေ အမြင်မှာ ကြည့်ကောင်းစေဖို့အတွက် သူနေထိုင်ရာလမ်းအတွင်း အိမ်နီးချင်းတွေနဲ့အတူ လမ်းကိုအလှဆင်ရာမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ အဲဒီတုန်းကတော့ ဂါဘရီရယ်ဟာ လူသိပ်မသိသေးတဲ့ ဘောလုံးသမားလေးတစ်ဦးပါ။ ဒီဓာတ်ပုံဟောင်းတွေကို သူကိုယ်တိုင် လူမှုကွန်ရက်မှာ ပြန်လည်ဝေမျှလိုက်တာ ဖြစ်ပါတယ်။

play

 

၁၇ နှစ်သားအရွယ် ခြေဗလာနဲ့ လူငယ်လေး ဂါဘရီရယ်ဟာ လမ်းအတွင်း ကြည့်ကောင်းစေဖို့ ဆေးတွေ လိုက်သုတ်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အိမ်ရှင် ဘရာဇီးအသင်းက ဆီမီးဖိုင်နယ် တက်ခဲ့ပေမဲ့ ဂျာမနီကို ၇-၁ ဂိုးနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရလို့ အိမ်ရှင်ပရိသတ်တွေ ဝမ်းနည်းခဲ့ရပါသေးတယ်။

play

 

အခုချိန်မှာတော့ ဂါဘရီရယ်က ဘရာဇီးအသင်း လက်ရွေးစင်ကစားသမားတစ်ဦး ဖြစ်နေတဲ့အပြင် လာမယ့် ၂၀၁၈ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်ရွေးစင်အသင်းကို ဦးဆောင်လာမယ့် ကစားသမားအဖြစ်လည်း ပရိသတ်တွေရဲ့ အသိအမှတ်ပြုခြင်းကို ခံနေရသူဖြစ်ပါတယ်။

play

play

 

လမ်းအလှဆင်ဖို့ ဆေးသုတ်နေခဲ့တဲ့ အချိန်တုန်းက ဂါဘရီရယ်ဟာ ဘရာဇီးပြည်တွင်းကလပ် ပါးလ်မီးယက်စ် အသင်းမှာ တစ်နှစ်ကိုမှ ပေါင် ၃၀၀၀ လောက်သာ ရတဲ့ လူငယ်လေးဖြစ်ခဲ့ပါတယ်။ အခုတော့ တစ်နှစ် ပေါင် ၄ သန်း လောက်ရတဲ့ ကစားသမားဖြစ်နေပါပြီ။

ှSource : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD