AD
AD
AD

စပိန်ကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့ကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းက ကမ္ဘာ့တန်ဖိုးအရှိဆုံးဘောလုံးအသင်းအဖြစ် သတ်မှတ်ခံရတယ်လို့ သိရပါတယ်။

 

ပရီးမီးယားလိဂ်မှာ အဆင့်-၆ နဲ့သာ ရာသီသိမ်းခဲ့ပေမယ့် ယူရိုပါလိဂ်ချန်ပီယံ ဖြစ်ခဲ့လို့ နောက်ရာသီ ချန်ပီယံ လိဂ်ဝင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ စာရင်းအင်းကုမ္ပဏီကြီးဖြစ်တဲ့ KPMG ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ မန်ယူအသင်းရဲ့ စုစုပေါင်းတန်ဖေိုးက ယူရို ၃ ဘီလျံအထိ ရှိလာခဲ့ပြီလို့ သိရပါတယ်။ မန်ယူအသင်းက ရီးရဲလ်မက်ဒရစ်အသင်းကို တန်ဖိုးကွာဟချက် မြင့်တက်လာအောင်စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပြီး လာလီဂါချန်ပီယံ ဖြစ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်း တန်ဖိုးက ယူရို ၂.၈၉၅ ဘီလျံသာ ရှိပါတယ်။ တတိယ တန်ဖိုးအရှိဆုံးအသင်းကတော့ ဘာစီလိုနာဖြစ်ပြီး စုစုပေါင်းတန်ဖိုး ယူရို ၂.၆၈၈ ဘီလျံရှိတယ်လို့ KPMG ကတွက်ချက်ထားပါတယ်။

play
ယူရိုပါလိဂ်ချန်ပီယံ မန်ယူအသင်း

 

ပြီးခဲ့တဲ့မေလအတွင်းမှာပဲ မန်ယူအသင်းက တစ်နှစ်တာ ဝင်ငွေစုစုပေါင်း ပေါင်သန်း ၅၆၀ နဲ့ ၅၇၀ ကြားရှိမယ်လို့ ကြေညာခဲ့ပြီးအဲဒီဝင်ငွေကြောင့် တစ်နှစ်တာ စံချိန်တင်အမြတ်ငွေရရှိဖွယ်ရှိနေပါတယ်။ မန်ယူအသင်းဂျာစီ စပွန်ဆာ Adidas၊ ရင်ဘတ်စပွန်ဆာ Chevrolet နဲ့ 20 Century Fox၊ Uber စတဲ့ ကမ္ဘာကျော်ကုမ္ပဏီ ၂၆ ခုထံကနေ စပွန်ဆာဝင်ငွေတွေရရှိနေတာဖြစ်ပါတယ်။

play
လာလီဂါချန်ပီယံ ရီးရဲလ်မက်ဒရစ်

 

ကမ္ဘာ့တန်ဖိုးအရှိဆုံး ဘောလုံးအသင်းစာရင်းရဲ့ စတုတ္ထနေရာမှာ ဂျာမနီကလပ်ဘိုင်ယန်မြူးနစ် ရပ်တည်လျှက်ရှိပြီး တန်ဖိုးက ယူရို ၂.၃၆၇ ဘီလျံ၊ မန်စီးတီးအသင်းက ယူရို ၁.၉၀၉ ဘီလျံရှိတယ်လို့ သိရပါတယ်။ အာဆင်နယ်၊ ချယ်လ်ဆီး၊  လီဗာပူး၊ ဂျူဗင်တပ်၊ စပါးအသင်းတို့က အဆင့် ၁၀ အတွင်းမှာ ကမ္ဘာ့တန်ဖိုးအရှိဆုံးဘောလုံးအသင်းတွေအဖြစ် အသီးသီးရပ်တည်လျက်ရှိကြပါတယ်။

play

 

KPMG ကုမ္ပဏီဟာ ကမ္ဘာ့အင်အားကြီး စာရင်းအင်းကုမ္ပဏီတစ်ခုဖြစ်ပြီး Deloitte၊ Ernst & Young တို့လို ထိပ်သီးကုမ္ပဏီဖြစ်ပါတယ်။ ပျှမ်းမျှတွက်ချက်ကြည့်ရင်တော့ ဥရောပဘောလုံးလောကရဲ့ တန်ဖိုးဟာ တက်လာတယ်လို့ ဆိုရမှာဖြစ်ကြောင်း KPMG ကုမ္ပဏီက ကြေညာခဲ့ပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD