AD
AD
AD
play

 

ချယ်ဆီးအသင်းရဲ့ကစားသမားတွေဟာ သူတို့အနေနဲ့ ချန်ပီယံဆုကို ကာကွယ်နိုင်မယ်လို့ မယုံကြည်နေတော့ဘဲ ဇယားထိပ်ဆုံးက မန်ချက်စတာစီးတီးအသင်းနဲ့ ၉ မှတ်ကွာခြားနေတာကြောင့် စိတ်ပျက်နေကြတယ်လို့ သိရပါတယ်။

play

 

ရိုးမားအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ကွန်တီအနေနဲ့ ကစားသမားတွေအပေါ်မှာ အပြင်းအထန်ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်ခဲ့သူဖြစ်ပါတယ်။ ကွန်တီအတွက် အကျပ်အတည်းတွေက ဆက်တိုက်ဆိုသလို ရောက်ရှိလာတယ်လို့ ပြောလို့ရတဲ့ နောက်တစ်ချက်ကတော့ လာမယ့်တနင်္ဂနွေနေ့မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ နှစ်အတန်ကြာကိုင်တွယ်ခဲ့ဖူးတဲ့ အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပြီး ချယ်ဆီးအသင်းရဲ့ချန်ပီယံဆုကာကွယ်ရေးကို အဆုံးသတ်ရင်တောင်မှ သတ်လိုက်နိုင်ပါတယ်။

play

 

အာဆင်နယ်အသင်းရဲ့ဂန္တဝင်ကစားသမားဟောင်း ကီယွန်က ယခုရာသီမှာ အခြားအသင်းတွေက နိုင်ပွဲတွေနဲ့ အဆင်ပြေနေသလောက် ချယ်ဆီးအသင်းကတော့ မရှုံးနိမ့်အောင် မနည်းရုန်းကန်နေရတယ်လို့ ပြောခဲ့ပါတယ်။ ဆက်လက်ပြီး ကွန်တီအနေနဲ့ အဝတ်လဲခန်းအတွင်းမှာ အသင်းသားအချို့ရဲ့ယုံကြည်မှုကို ဆုံးရှုံးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

"ချယ်ဆီးအသင်းဟာ ရုန်းကန်နေရပါတယ်။ ချယ်ဆီးအသင်းဟာ အခုအချိန်မှာ သူတို့ရဲ့နည်းစနစ်ကို ပြန်လေ့လာနေပြီး အပြစ်ပေးထားဖို့ နည်းလမ်းတွေကို စဉ်းစားနေပါတယ်"

"မန်ချက်စတာစီးတီးအသင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ ချယ်ဆီးအသင်းက ရှုံးနိမ့်ခဲ့တယ်။ အဲဒီညနေမှာပဲ ချယ်ဆီးအသင်းက သူတို့ဟာ ဒုတိယအကောင်းဆုံးလို့ သိခဲ့ရတယ်"

"မန်စီးတီးကစားသမားတွေအနေနဲ့ အခက်ခဲဆုံးပွဲစဉ်က နာပိုလီအသင်းနဲ့ပွဲစဉ်ပဲဖြစ်လိမ့်မယ်။ ချယ်ဆီးအသင်းနဲ့ပွဲစဉ်တော့ မဟုတ်ခဲ့ဘူး"လို့ မာတင်ကီယွန်က ပြောကြားခဲ့ပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD