AD
AD
AD
play

 

အာဆင်နယ်အသင်းရဲ့ကွင်းလယ်ကစားသမား ကာဇိုလာဟာ ခြေဖနောင့်အရိုး ခွဲစိတ်မှုကြောင့် တစ်နှစ်ကျော် အနားယူနေခဲ့ရပြီး လာမယ့်နှစ်မှာ ပြန်ကစားနိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

မာကာနဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးအစီအစဉ်မှာ ကာဇိုလာက အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်လောက်တဲ့ ပိုးဝင်ခြင်းကြောင့် ခြေထောက်ဖြတ်ပစ်ရမယ့် အခြေအနေအထိ ရောက်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

play

 

"ဆရာဝန်က ကျွန်တော့်ကို ခင်ဗျားသားနဲ့ ပန်းခြံထဲမှာ နောက်ထပ်တစ်ခါ လမ်းထပ်လျှောက်နိုင်ဦးမယ်ဆိုရင် ခင်ဗျားအနေနဲ့ ကျေနပ်သင့်တယ်လို့ ပြောခဲ့ပါတယ်"

"ဆရာဝန်က ကျွန်တော့်ရဲ့ခြေဖနောင့်အရိုးမှာ ပြင်းထန်တဲ့ပိုးဝင်မှုကြောင့် ခြေဖနောင့်ရိုးနဲ့ ခြေထောက်အရိုးတို့ဆုံတဲ့နားမှာ ပျက်စီးနေတာကို တွေ့ခဲ့တယ်။ အဲဒါကြောင့် ခွဲစိတ်မှုပြုလုပ်ခဲ့ရပြီး ကျွန်တော့်ရဲ့ခြေထောက်အရိုး ၈ စင်တီမီတာလောက် ဆုံးရှုံးခဲ့ရတယ်"လို့ ပြောကြားခဲ့ပါတယ်။

play

 

ဖနောင့်နဲ့ တံကောက်ကြောနားမှာ ခွဲစိတ်မှု ၈ ခါအထိ ပြုလုပ်ခဲ့ရပြီး ကြောက်မက်ဖွယ်ကောင်းတဲ့အမာရွတ်ကြီးကို ဖုံးအုပ်ဖို့အတွက် လက်မောင်းမှာထိုးထားတဲ့ ဆေးမင်ကြောင်အတိုင်း ထိုးခဲ့ရတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းရဲ့နည်းပြအာဆင်ဝင်းဂါးကလည်း ကာဇိုလာအနေနဲ့လာမယ့်နှစ်မှာ အသင်းအတွက် ပြန်လည်ကစားပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း မကြာသေးမီကမှ ဝန်ခံပြောကြားထားပါတယ်။

"ပထမဆုံးလက္ခဏာကတော့ ကောင်းမွန်တဲ့သဘောဆောင်ပါတယ်။ သူအသင်းအတွက် မကစားပေးနိုင်တာ ၁ နှစ်ခွဲတောင် ရှိပါပြီ"

"သူ့အနေနဲ့ အပြည့်အဝလည်း ပြန်လေ့ကျင့်နိုင်တာ မရှိသေးပါဘူး။ သူ့အနေနဲ့ အရန်အသင်းနဲ့ ပွဲအချို့မှာအရင်ကစားဖို့ လိုပါတယ်"

"ကျွန်တော့်အနေနဲ့ အားလုံးအဆင်ပြေပြီလို့ ယူဆတာနဲ့ သူ့ကို ခရစ်စမတ်အပြီးမှာ ပြန်မြင်တွေ့ဖို့ရှိပါတယ်"လို့ အာဆင်ဝင်းဂါးက ပြောကြားခဲ့ပါတယ်။

Source & Photos: Marca

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD