AD
AD
AD
play

 

စနေနေ့ည ၁၂ နာရီမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဝက်စ်ဟမ်းအသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ပွဲစဉ်မှာ လီဗာပူးအသင်းက ၄ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။

play

 

ပထမပိုင်း စတင်ချိန်ကတည်းက လီဗာပူးအသင်းရဲ့ မာနေး၊ ဖာမီနို၊ ဆာလာတို့ တိုက်စစ်အတွဲဟာ ဝက်စ်ဟမ်းအသင်းရဲ့ ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး ၂၁ မိနစ်မှာ မိုဟာမက်ဆာလာက မာနေးရဲ့ပေးပို့မှုကနေ လီဗာပူးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ၂၄ မိနစ်မှာ လီဗာပူးအသင်းရဲ့နောက်ခံကစားသမား ဂျိုရယ်မာတစ်ပ်က လီဗာပူးအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

ဒုတိယပိုင်းမှာ ဝက်စ်ဟမ်းအသင်းက ချေပဂိုးတွေ ပြန်လည်ရရှိဖို့ ကြိုးစားလာခဲ့ပြီး ၅၅ မိနစ်မှာ လန်ဇီနီက အန်ဒရေးအယူးရဲ့ဖန်တီးမှုကနေ တစ်ဆင့် ဝက်စ်ဟမ်းအသင်းအတွက် ချေပဂိုးကို ပြန်လည်သွင်းယူပေးခဲ့ပါတယ်။

play

 

၅၆ မိနစ်မှာ လီဗာပူးအသင်းရဲ့တောင်ပံကစားသမား ချန်ဘာလိန်က လီဗာပူးအသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ၇၅ မိနစ်မှာ မိုဟာမက်ဆာလာကပဲ လီဗာပူးအသင်းအတွက် စတုတ္ထမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး လီဗာပူးအသင်းက ဝက်စ်ဟမ်းအသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photos: Dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD