AD
AD
AD
play

 

ယနေ့ည  ၈ နာရီ ၄၅ မိနစ်မှာ ယှဉ်ပြိုင်ကစားသွားမယ့် မန်ချက်စတာစီးတီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ အာဆင်နယ်အသင်းရဲ့နည်းပြ အာဆင်ဝင်းဂါးက မန်ချက်စတာစီးတီးအသင်းကို ခံစစ်နဲ့ ကစားသွားမှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

play

 

"ကျွန်တော်တို့ ဒီပွဲမှာ ကြိုးစားကစားသွားမှာပါ။ ကျွန်တော်တို့ ရှောင်ပုန်းနေမှာမဟုတ်ပါဘူး"

"ခင်ဗျားအနေနဲ့ ခံစစ်ကို ကောင်းကောင်းကစားချင်ရင် ခံစစ်ကိုချည်းပဲ အာရုံစိုက်နေလို့မရနိုင်ပါဘူး။ ကျွန်တော်တို့အသင်းအနေနဲ့ ဘောလုံးကို ထိန်းချုပ်ပြီး မန်ချက်စတာစီးတီးအသင်းအတွက် အန္တရာယ်ရှိနိုင်မယ့် အခြေအနေကို ဖန်တီးရမှာပါ။ တစ်ခါတစ်ရံမှာ အကောင်းဆုံးခံစစ်ဆိုတာ တိုက်စစ်ဖြစ်ပါတယ်"

Postby

 

"ခင်ဗျားအနေနဲ့ ဘောလုံးကစားရင် အန္တရာယ်ကို လက်ခံတတ်ရမယ်။ အန္တရာယ်နဲ့အလောင်းအစားလုပ်နေရတယ်ဆိုတာကို လက်ခံရမှာပါ။ အဲဒါ ပြိုင်ပွဲရဲ့တစ်စိတ်တစ်ပိုင်းပဲ။ တစ်ဖက်က တိုက်စစ်ဖွင့်လာတဲ့ တောင့်တင်းတဲ့အသင်းမျိုးကို ခံစစ်သက်သက်နဲ့ကစားမယ်ဆိုရင် အန္တရာယ်က ပိုတောင်ကြီးသွားပြီမဟုတ်လား"လို့ ပြောကြားခဲ့ပါတယ်။

play

 

အာဆင်နယ်အသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ဟာ ၂၀၁၀ ပြည့်နှစ်ကနေ ယနေ့အချိန်အထိ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး အကြိမ် ၂၀ မှာ အာဆင်နယ်အသင်းက ၈ ကြိမ်နိုင်၊ ၆ ပွဲသရေ၊ မန်ချက်စတာစီးတီးအသင်းက ၆ ကြိမ်အနိုင်ရရှိထားတာကြောင့် အစဉ်အလာအားဖြင့် အာဆင်နယ်အသင်းက အသာစီးရယူထားတာကို တွေ့ရပါတယ်။

 

Source & Photos: Telegraph

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD