AD
AD
AD
play

 

ယနေ့ည ၈ နာရီ ၄၅ မိနစ်မှာ မန်ချက်စတာစီးတီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ အဖြစ် ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။

play

 

မန်ချက်စတာစီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက အိမ်ကွင်းမှာ အာဆင်နယ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ယင်းနိုင်ပွဲဟာလည်း နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၉ ကြိမ်မှာ ရရှိခဲ့တဲ့ ၁ ကြိမ်တည်းသောနိုင်ပွဲဖြစ်ပါတယ်။

play

 

နောက်ဆုံးတွေ့ဆုံခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာလည်း အာဆင်နယ်အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အက်ဖ်အေဖလား ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဗိုလ်လုပွဲမှာ ချယ်ဆီးအသင်းကိုပါ အနိုင်ရရှိခဲ့တာကြောင့် အက်ဖ်အေဖလားကို ရရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာ အာဆင်နယ်အသင်းဟာ ဇယားထိပ်ဆုံးက မန်ချက်စတာစီးတီးအသင်းနဲ့ ၉ မှတ်အထိ ပြတ်နေပြီး အဆင့် ၅ နေရာမှာ ရပ်တည်နေရတာဖြစ်ပါတယ်။

Postby

 

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ယခုရာသီမှာ ရှုံးပွဲတစ်ပွဲမှ မရှိသေးဘဲ ၁၀ ပွဲကစား ၉ ပွဲနိုင် ၁ ပွဲသရေရလဒ်ကို ပိုင်ဆိုင်ထားတာကြောင့် ယခုနှစ်မှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ တစ်ကြိုပေးခံနေရတာဖြစ်ပါတယ်။ ယနေ့ပွဲစဉ်မှာသာ အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့မယ်ဆိုရင် ချန်ပီယံမျှော်လင့်ချက် အနည်းငယ်မှေးမှိန်သွားနိုင်တာကြောင့် အာဆင်နယ်အသင်းကို မဖြစ်မနေ အနိုင်ရရှိအောင် ယှဉ်ပြိုင်မှသာ ချန်ပီယံဖြစ်ဖို့ အမှတ်ဆက်လက် ဖြတ်ထားနိုင်မှာဖြစ်ပါတယ်။

 

Photos: Guardian

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD