AD
AD
AD
play

 

တနင်္ဂနွေနေ့ည ၁၁ နာရီမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ချယ်ဆီးအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်မှာ ချယ်ဆီးအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

play

 

ချယ်ဆီးအသင်းဟာ တိုက်စစ်မှာ မိုရာတာနဲ့ ဟာဇက်ကို အသုံးပြုခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းကလည်း လူကာကူနဲ့ ရက်ရှ်ဖို့ဒ်တို့ကို တိုက်စစ်မှာ ထားပြီး ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်းမှာ ချယ်ဆီးအသင်းက မန်ချက်စတာယူနိုက်တက်အသင်းကို ဖိအားပေး ကစားနိုင်ခဲ့ပြီး အဆုံးသတ်ဂိုးသွင်းယူရာမှာ လိုအပ်ချက်တွေရှိနေခဲ့တာကြောင့် ဂိုးရရှိခဲ့ခြင်းမရှိပါဘူး။

play

 

ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၅၅ မိနစ်မှာ အက်ဇ်ပလီကူရယ်တာရဲ့ ဖြတ်တင်ပေးပို့လိုက်တဲ့ဘောလုံးကို မိုရာတာ ခေါင်းတိုက်ပြီး ချယ်ဆီးအသင်းအတွက် အနိုင်ရရှိစေမယ့် တစ်လုံးတည်းသောဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

play

 

ဂိုးပေးလိုက်ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ချယ်ဆီးအသင်းကို တိုက်စစ်ဖွင့်ကစားခဲ့ပြီး ၆၂ မိနစ်မှာ မီခီတာယန်နဲ့ ဖီးလ်ဂျုံးစ်တို့ကို ထုတ်ပြီး ဖယ်လိုင်နီနဲ့ မာရှယ်တို့ကို ထည့်သွင်းကစားစေခဲ့ပါတယ်။ ၇၈ မိနစ်မှာ ကစားအားကျနေတဲ့ အက်ရှ်လေယန်းရဲ့နေရာမှာ လင်ဂတ်ကို ထည့်သွင်းပြီး တိုက်စစ်ကို မြှင့်တင်ခဲ့ပေမယ့် ချယ်ဆီးအသင်းရဲ့နောက်ခံလူတွေနဲ့ ဂိုးသမားတို့ အစွမ်းကုန်ကာကွယ်နိုင်ခဲ့တာကြောင့် ချေပဂိုး သွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ချယ်ဆီးအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

Photos: Dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD