AD
AD
AD

လက်စတာစီးတီးအသင်းမှာ ၎င်းတို့ရဲ့ တောင်ပံကစားသမား မာရက်ဇ်ကို ပြောင်းရွှေ့ကြေးပေါင် သန်း (၅၀)ရမှ ရောင်းထုတ်နိုင်မယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

play

 

ယင်းကဲ့သို့ ထုတ်ဖော်ပြောကြားလိုက်ခြင်းမှာ မာရက်ဇ်အနေနဲ့ ချန်ပီယံလိဂ် ကစားခွင့်ရတဲ့အသင်းတစ်သင်းသင်းကို ပြောင်းရွှေ့နေချင်တာကြောင့် အသင်းကြီးတွေအနေနဲ့ အပြိုင်အဆိုင် ခေါ်ယူနိုင်ဖို့ ကြိုးစားလာခြင်းကြောင့်လည်း ဖြစ်ပါတယ်။

 

လက်ရှိမှာ မာရက်ဇ်ကို စပိန်ကလပ် ဘာစီလိုနာအသင်းနဲ့ အီတလီကလပ် ရိုးမားအသင်းတို့က ခေါ်ယူနိုင်ရေးချဉ်းကပ်လျက်ရှိနေပါတယ်။

"ကျွန်တော်တို့ မာရက်ဇ်ကို အလိုရှိနေပါတယ်။အဓိကကတော့ ထွက်ခွာသွားတဲ့ ဘယ်တောင်ပံ ကစားသမား ဆာလာ နေရာမှာ အစားထိုးနိုင်ဖို့ပါ။ဒါပေမယ့် လက်စတာအသင်းက ရောင်းချဖို့ မသေချာတာကြောင့် အပြောင်းအရွှေ့ကတော့

မသေချာသေးပါဘူး။" လို့ ရိုးမားအသင်း အားကစားဒါရိုက်တာ မန်ချီက ထုတ်ဖော်ပြောခဲ့ပါတယ်။

လက်စတာအနေနဲ့ လက်ရှိမှာ မာရက်ဇ်ကို ရောင်းထုတ်နိုင်ဖို့ထက် အသင်းမှာ ဆက်လက်ထိန်းထားလိုနေတယ်လို့လည်း သိရပါတယ်။

သို့သော် ပေါင် သန်း(၅၀)ရရင်တော့ မာရက်ဇ်ကို ရောင်းထုတ်ဖွယ် ရှိနေတယ်လို့လည်းသတင်းတွေက ဖော်ပြနေကြပါတယ်။

Postby

Source- Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD