AD
AD
AD

စတုတ်စီးတီးအသင်းရဲ့ နောက်ခံလူဟောင်း တက်ဇီရာမှာ နှလုံးရပ်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

play

 

တက်ဇီရာမှ ဘရာဇီးရှိ ၎င်းရဲ့ နေအိမ်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နှလုံးရပ်ပြီး သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။ ၎င်းသေဆုံးချိန်ပြီလို့ လက်ရှိကလပ်အသင်း မော်လ်ဒိုဗာကလပ် ရှီးရစ် တရစ္စပေါလ်အသင်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

play

 

"ဘရာဇီးလ်ကစားသမား တက်ဇီရာ သေဆုံးချိန်မှာ အသက် ၂၅ နှစ်ရှိပါပြီ။ကမ္ဘာပေါ်ရှိ ကလပ်အားလုံး ဒီသတင်းကြောင့် ၀မ်းနည်းရလိမ့်မယ်လို့ ထင်ပါတယ်။ကျွန်တော်တို့လည်း အရမ်းကို နာကျင်ခံစားရပါတယ်။" လို့ ရှီးရစ် တရစ္စပေါလ်အသင်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

တက်ဇီရာမှာ ၂၀၁၄ ခုနှစ်မှာ ပရီးမီးယားလိဂ်ကလပ် စတုတ်စီးတီးအသင်းကို ရောက်ရှိခဲ့ပြီး ဗီဇာ အခက်အခဲကြောင့် အက်စတွန်ဗီလာနဲ့ ဘုန်းမောက်အသင်းတို့ရဲ့ ပွဲစဉ်နှစ်ပွဲတွင်သာ ပါဝင်ကစားခဲ့ရသူလည်း ဖြစ်ပါတယ်။

၂၀ ၁၇ ခုနှစ်မှာတော့ စတုတ်စီးတီးအသင်းမှ ဖလက်ဝုဒ် တောင်းအသင်းကို အငှားသွားရောက်ကစားခဲ့ပြီး နောက် မော်လ်ဒိုဗာကလပ် ရှီးရစ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

Postby

Source- Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD