AD
AD
AD

ဝက်စ်ဟမ်းအသင်းရဲ့ နည်းပြဖြစ်လာခဲ့တဲ့ ဒေးဗစ်မိုယက်စ်က ၎င်းအနေနဲ့ ၀က်စ်ဟမ်းအသင်းကို အကောင်းဆုံး ကိုင်တွယ်ပြီး သက်သေပြသွားမယ်လို့ ဆိုလိုက်ပါတယ်။

play

 

အဲဗာတန်နဲ့ မန်ယူ အသင်းနည်းပြဟောင်း မိုယက်စ်အနေနဲ့ ရလဒ်တွေ ဆိုးရွားခဲ့တာကြောင့် ထုတ်ပယ်လိုက်ခဲ့ နည်းပြ ဆလာဗန် ဘီလစ်နေရာမှာ အစားထိုးခန့်အပ်ခြင်း ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

play

 

အသက် ၅၄ နှစ်ရှိပြီဖြစ်တဲ့ မိုယက်စ်အနေနဲ့လည်း ပြီးခဲ့တဲ့ မေလက ဆန်းဒါးလန်းအသင်းနည်းပြရာကနေထုတ် ပယ်ခံထားခဲ့ရသူလည်း ဖြစ်ပါတယ်။  

 

“ကျွန်တော်ဝက်စ်ဟမ်းအသင်းမှာ အကောင်းဆုံး သက်သေပြသွားမှာပါ။တစ်ခါတစ်ရံ တစ်ချို့အကြောင်းအရာတွေက ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ကျွန်တော့်မှာလည်း ပြင်ဆင်ဖို့ အနည်းငယ် အားနည်းချက်တွေရှိပါတယ်။ဒါတွေကိုပြင်ဆင်ပြီး ၀က်စ်ဟမ်းအသင်းကို အကောင်းဆုံး စွမ်းဆောင်ပေးသွားမှာပါ။”လို့ မိုယက်စ်က ထုတ်ဖော်ပြောခဲ့ပါတယ်။

မိုယက်စ်အနေနဲ့ အဲဗာတန်အသင်းကို ၂၀၀၂ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ၁၁ နှစ်ကြာ နည်းပြခဲ့တဲ့ နည်းပြတစ်ဦးလည်း ဖြစ်ပါတယ်။

ထို့နောက် မန်ယူအသင်းနည်းပြရာထူးအတွက် ၆ နှစ်စာချုပ်ချုပ်ဆိုခဲ့ပေမယ့်လည်း ၁၀လအကြာမှာပဲ  ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။မန်ယူအသင်းမှ ထွက်ခွာခဲ့ပြီးနောက် စပိန်ကလပ်      ဆိုစီဒက်ကလပ်မှာ ၂၀၁၅ ခုနှစ်အထိ နည်းပြသွားရောက်လုပ်ခဲ့ပါသေးတယ်။၂၀၁၆ ခုနှစ် ဇူလိုင်လမှာတော့ ဆန်းဒါးလန်းအသင်းကို ကိုင်တွယ်ခဲ့ပြီး ၂၀၁၇ ခုနှစ်မေလမှာအသင်း တန်းဆင်းခဲ့ရမှုနဲ့ ထုတ်ပယ်ခံခဲ့ရပြန်ပါတယ်။

မိုယက်စ်ကို ၀က်စ်ဟမ်းအသင်းအနေနဲ့ ရာသီကုန်အထိ စာချုပ်ချုပ်ဆို ခေါ်ယူထားတာလည်း ဖြစ်ပါတယ်။

Postby

 

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD