AD
AD
AD
play

 

လီဗာပူးအသင်းရဲ့ကွင်းလယ်ဖန်တီးရှင် ကော်တင်ဟိုဟာ ပြီးခဲ့တဲ့နွေရာသီက ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပြီး အပြောင်းအရွှေ့ မဖြစ်ခဲ့ပေမယ့် လီဗာပူးအသင်းမှာ ပျော်ရွှင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကော်တင်ဟိုကို ပြီးခဲ့တဲ့ သြဂုတ်လ အပြောင်းအရွှေ့နောက်ဆုံးနေ့အထိ ဘာစီလိုနာအသင်းက ၃ ကြိမ်တိတိ ကမ်းလှမ်းခဲ့ပေမယ့် လီဗာပူးအသင်းက ရောင်းချလိုခြင်းမရှိဘဲ ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

play

 

ကော်တင်ဟိုဟာ ရာသီအစမှာ ဒဏ်ရာကြောင့် ပါဝင်ကစားပေးနိုင်ခြင်းမရှိဘဲ လက်ရှိအချိန်မှာ လီဗာပူးအသင်းအတွက် အကောင်းဆုံးကစားပေးနေနိုင်တဲ့ကစားသမားဖြစ်ပါတယ်။

Postby

 

"ကျွန်တော် ကစားနေတာ ကမ္ဘာပေါ်ကအကြီးမားဆုံးလိဂ်တွေထဲက တစ်ခုမှာပါ"

"ကျွန်တော် အမြဲပျော်ရွှင်နေပါတယ်။ ဒါပေမယ့် အခု နိုင်ငံအသင်းအတွက် အာရုံစိုက်ဖို့ အရေးကြီးနေတဲ့အချိန်ပါ။ အခုအချိန်မှာ ကျွန်တော့်ဘဝနဲ့ပတ်သက်ပြီး ကျွန်တော် အရမ်းပျော်ရွှင်နေပါတယ်"

"အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်အောင် နေ့တိုင်း ကျွန်တော့်ကိုယ် ကျွန်တော်ပိုပြီးတိုးတက်လာအောင် ကြိုးစားနေပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

play

 

လီဗာပူးအသင်းအနေနဲ့ ကော်တင်ဟိုရဲ့ကြံ့ခိုင်မှုပြန်လည်ရရှိနေပြီဖြစ်တဲ့အတွက် လာမယ့်ပွဲစဉ်တွေမှာ ပိုမိုကောင်းမွန်တဲ့ ကစားပုံတွေကို ပြန်လည်မြင်တွေ့ရဖွယ်ရှိနေတာဖြစ်ပါတယ်။

play

 

"ကံမကောင်းစွာနဲ့ပဲ လီဗာပူးအသင်းအတွက် ပြီးခဲ့တဲ့ပွဲစဉ် ၃ ပွဲမှာ ကျွန်တော်ဒဏ်ရာရနေခဲ့တာကြောင့် မကစားပေးနိုင်ခဲ့ပါဘူး"

"အခုတော့ ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှုပြန်ရနေပြီလို့ ခံစားနေရပါတယ်။ ကျွန်တော် ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်တာကြောင့် လာမယ့် အင်္ဂလန်အသင်းနဲ့ နိုင်ငံတကာခြေစမ်းပွဲစဉ်မှာ အကောင်းဆုံးပုံစံကို ပြသသွားမှာပါ"

"ကျွန်တော် ဘရာဇီးအသင်းရဲ့ပွဲစဉ်တွေကို မလွဲချော်ချင်ပါဘူး။ ကျွန်တော့်အနေနဲ့ ဘရာဇီးအသင်းဝတ်စုံဝတ်ဆင်ထားရတဲ့အချိန်တိုင်း ဂုဏ်ယူမိပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

 

Source & Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD