AD
AD
AD
play

 

အာဆင်နယ်အသင်းရဲ့နည်းပြ အာဆင်ဝင်းဂါးဟာ ပြီးခဲ့တဲ့ ရာသီကုန်က ၂ နှစ်သက်တမ်းစာချုပ်သစ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ယခုအချိန်မှာတော့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ၂၀၁၉ အထိ အသင်းမှာ ဆက်ရှိနေဖို့ မသေချာတော့ဘူးလို့ ပြောကြားခဲ့ပါတယ်။ အာဆင်ဝင်းဂါးအနေနဲ့ အသင်းရဲ့ဘုတ်အဖွဲ့နဲ့ ယခုရာသီကုန်မှာ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

play

 

အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းကို ကာလကြာရှည်နည်းပြလာတဲ့နည်းပြတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ် ၁၆ သင်းပတ်လည်အဆင့်မှာ ဘိုင်ယန်မြူးနစ်အသင်းကို အရှက်ရဖွယ် နှစ်ကျော့ပေါင်း ၁၀ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခွာခဲ့ရပါတယ်။

play

 

ပြီးခဲ့တဲ့ရာသီက အဆင့် ၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာဟာ ၁၉၉၈ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲကြီးတွေမှာ ယှဉ်ပြိုင်ခွင့်မရခဲ့တာလည်း ဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ပရိသတ်အများစုက အာစင်ဝင်းဂါးကို မနှစ်သက်ကြတော့ပေမယ့် FA ဖလားကို ရယူပေးနိုင်ခဲ့တဲ့အတွက် ၂ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

Postby

 

ယခုရာသီမှာလည်း ဇယားထိပ်ဆုံးက မန်ချက်စတာစီးတီးအသင်းနဲ့ ၁၂ မှတ်အထိ ကွာဟနေပြီး လာမယ့်ရာသီမှာ အသင်းနဲ့ဆက်ရှိနေဖို့ အာမမခံနိုင်တော့ဘူးလို့ ပြောကြားခဲ့ပါတယ်။

"ကျွန်တော်ပြောချင်တာက ရာသီတစ်ခုကုန်ဆုံးတိုင်းမှာ အသင်းရဲ့ဘုတ်အဖွဲ့နဲ့ ကျွန်တော် ဆွေးနွေးဖြစ်တယ်။ ကျွန်တော်တို့ ဒီကနေ အဲဒီနေရာကို ဘယ်လိုသွားခဲ့လဲဆိုတာ သိအောင်ပေါ့။ အခုကတော့ အတိအကျတူချင်မှ တူတော့မှာပါ"

"ဒါက တစ်ခါတစ်လေမှာ ခင်ဗျားကြုံဖူးမှာပေါ့။ ခင်ဗျားအနေနဲ့ စကားတစ်ခုကို ပြောလိုက်ပြီဆိုရင် လူတွေက အဲဒါကို ပြောင်းပြန်လှန်ပြီး သူတို့ လိုချင်တဲ့အတိုင်း ပုံဖော်လိုက်တယ်"

"အခု ပြောချင်တာလည်း အဲဒါပဲ။ ကျွန်တော် အသင်းနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုထားတယ်။ ကျွန်တော်ကတော့ အမြဲတမ်း စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ အသင်းနဲ့ အတူရှိနေအောင် ကြိုးစားနေတာပဲ။ ရာသီကုန်တိုင်းမှာလည်း ဘုတ်အဖွဲ့နဲ့ တွေ့ဆုံပြီး ကျွန်တော်တို့ ဒီကနေ ဟိုနေရာကို ဘယ်လိုသွားခဲ့လဲဆိုတာ မြင်အောင် ဆွေးနွေးတယ်။ အဲဒါက ရှင်းရှင်းလေးပါပဲ"လို့ ပြောကြားသွားခဲ့ပါတယ်။

 

အာဆင်နယ်အသင်းဟာ လာမယ့်စနေနေ့မှာ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ယခုရာသီအတွက် ပထမဆုံး မြောက်လန်ဒန်ဒါဘီပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားဖို့ ရှိနေတာဖြစ်ပါတယ်။

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD