AD
AD
AD

မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ၎င်းအနေနဲ့ နည်းစနစ်ပိုင်းအရ တိုက်စစ်မှူး နှစ်ဦးကိုပွဲထုတ်အသုံးပြုနိုင်တယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

play

 

မော်ရင်ဟိုအနေနဲ့ အဆိုပါ နည်းစနစ်ပိုင်းမှာ တိုက်စစ်မှာ အလုပ်ပိုဖြစ်မယ်လို့ ယုံကြည်နေတာလည်း ဖြစ်ပါတယ်။

 

လက်ရှိမှာ ၇ လတာ အနားယူနေရတဲ့ အီဗရာမိုဗစ် ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီး တနင်္ဂနွေနေ့ နံနက်ပိုင်းမှာ ကစားမယ့် နယူးကာဆယ်နဲ့ပွဲမှာ ပြန်လည်ပါဝင်လာမယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် မော်ရင်ဟိုက အခုလို ထုတ်ဖော်ပြောခဲ့တာ ဖြစ်ပါတယ်။

"တိုက်စစ်မှူး နှစ်ယောာက်ထားသုံးဖို့ အဆင်သင့်ပါပဲ။ဒါကိုကျွန်တော်တို့ ရာသီကြိုကတည်းက ပြင်ဆင်ထားခဲ့တာပါ။နောက်ခံလူ ၃ ယောက်ထားစနစ်နဲ့ဆိုရင် ကောင်းကောင်း ကစားလို့ရပါတယ်။" လို့ မော်ရင်ဟိုက ပြောခဲ့ပါတယ်။

မန်ယူအသင်းအနေနဲ့ တနင်္ဂနွေနေ့ နံက် ၁၂:၀၀ အချိန်တွင် နယူးကာဆယ်အသင်းနဲ့ ကစားမှာ ဖြစ်ပြီး လူကာကူနဲ့အတူ မိုဗစ် ပွဲထွက်လာမည်လားဆိုတာကိုတော့ စိတ်ဝင်စားဖွယ်စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

Postby

Source- Goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD