AD
AD
AD
play

အာဆင်နယ်အသင်းရဲ့နည်းပြ အာစင်ဝင်းဂါးဟာ ဆန်းချက်ဇ်နဲ့ အိုဇေးလ်တို့လို ထိပ်တန်းကစားသမားတွေကို အသင်းအနေနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ထပ်မံကမ်းလှမ်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ နည်းပြအာစင်ဝင်းဂါးဟာ အိုဇေးလ်နဲ့ ဆန်းချက်ဇ်တို့ဟာ လာမယ့်နွေရာသီမှာ အသင်းနဲ့စာချုပ်သက်တမ်းပြည့်မြောက်ပြီး အသင်းကနေ ထွက်ခွာရတော့မှာဖြစ်ပေမယ့် အာဆင်နယ်အသင်းမှာ ဆက်ရှိနေမယ်လို့ ယုံကြည်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

မြောက်လန်ဒန်ဒါဘီပွဲစဉ်အဖြစ် စနေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ပွဲအပြီးမှာ အာစင်ဝင်းဂါးက အိုဇေးလ်နဲ့ ဆန်းချက်ဇ်တို့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး လန်ဒန်ညနေခင်းသတင်းဌာနကို ယခုလို ပြောခဲ့ပါတယ်။

Postby

 

"ကျွန်တော် နည်းပြလုပ်လာတာ တော်တော်ကြာပါပြီ။ ဒီတစ်ပွဲတည်းနဲ့ သူတို့ စာချုပ်သစ်ချုပ်ဆိုချင်လာလိမ့်မယ်လို့ မထင်ပါဘူး။ စာချုပ်သစ်ရဲ့ အရည်အသွေးက သူတို့အတွက် ကောင်းမွန်ပြီး လုံလောက်မှု ရှိရပါလိမ့်မယ်"

"ကျွန်တော့်အနေနဲ့ သူတို့ အသင်းကို ချစ်လာအောင် ဆွဲဆောင်နေပါတယ်။ အဆုံးစွန်ထိ သူတို့ဆုံးဖြတ်ပြီးပြီလို့တော့ မထင်ပါဘူး။ ဘယ်တော့ဖြစ်မလဲဟုတ်လား။ ကျွန်တော် မသိဘူးလေ။ ကျွန်တော် အဲဒီလောက် ခန့်မှန်းဖို့ မကျွမ်းကျင်ပါဘူး"

"အဲဒါက စာချုပ်သစ်ရဲ့အရည်အသွေးတစ်ခုကြောင့်ပဲဟုတ်လား။ မဟုတ်ပါဘူး။ အဲဒါက အစိတ်အပိုင်းတစ်ခုအနေနဲ့ပဲ ပါတာပါ"

"သူတို့ ပျော်ရွှင်နေပါတယ်။ သူတို့ ဒီမှာနေချင်ပေမယ့် တခြား ထိပ်တန်းအသင်းတွေက ကောင်းမွန်တဲ့စာချုပ်တွေနဲ့ ကမ်းလှမ်းနေပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

play

 

တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ပွဲစဉ်မှာ အိုဇေးလ်နဲ့ ဆန်းချက်ဇ်တို့ဟာ အကောင်းဆုံးပုံစံနဲ့ ခြေစွမ်းပြကစားခဲ့ပြီး အာဆင်နယ်အသင်းရဲ့အဖွင့်ဂိုးကို မူစတာဖီသွင်းယူနိုင်အောင် အိုဇေးလ်က ဖန်တီးပေးခဲ့သလို ဆန်းချက်ဇ်ကလည်း အာဆင်နယ်အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Source & Photos: BR

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD