AD
AD
AD
play

 

ဝက်စ်ဟမ်းအသင်းရဲ့နည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဒေးဗစ်မိုရက်စ်ဟာ ပထမဆုံးကိုင်တွယ်ခဲ့တဲ့ပွဲစဉ်မှာ ဝက်ဖို့ဒ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဖိအားတွေ ဝင်သွားခဲ့ပြီဖြစ်ပါတယ်။

play

 

ဒေးဗစ်မိုရက်စ်ရဲ့ဝက်စ်ဟမ်းအသင်းဟာ ဂိုးပေါက်ခြိမ်းခြောက်မှု ၆ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီး ဝက်ဖို့ဒ်အသင်းရဲ့ဂိုးသမား ဂိုးမက်စ် အကောင်းဆုံး ကာကွယ်နိုင်ခဲ့တာကြောင့် ဂိုးရရှိမယ့် အခွင့်အရေး ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

Postby

 

အသင်းရဲ့ နောက်ဆုံး လေးပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့ခဲ့ရတဲ့ ဝက်စ်ဟမ်းအသင်းရဲ့ပရိသတ်တွေကတော့ တန်းဆင်းဇုန်ထဲကနေ မလွတ်မြောက်နိုင်သေးတဲ့အဖြစ်ကို မခံမရပ်နိုင်ဖြစ်ခဲ့ကြပြီး "ခင်ဗျားက ဝက်စ်ဟမ်းအသင်းရဲ့အင်္ကျီကိုဝတ်ဆင်ဖို့အတွက် မသင့်တော်ဘူး"လို့ အော်ဟစ်ခဲ့ကြပါတယ်။

play

 

ဝက်ဖို့ဒ်အသင်းဟာ ပြီးခဲ့တဲ့ ၃ ပွဲဆက်တိုက် ရှုံးပွဲနဲ့ကြုံတွေ့ခဲ့ပြီး ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ နိုင်ပွဲပြန်လည်ရရှိခဲ့တာကြောင့် ဝက်ဖို့ဒ်အသင်းရဲ့ နည်းပြ မာကိုဆေးလ်ဗားအတွက် အသက်ရှူချောင်ခဲ့ရပေမယ့် ဝက်စ်ဟမ်းအသင်းရဲ့နည်းပြ မိုရက်စ်အတွက်ကတော့ ပထမဆုံးကိုင်တွယ်တဲ့ပွဲစဉ်လည်းဖြစ်၊ နည်းပြဘဝ ကိုင်တွယ်ခဲ့တဲ့ ပွဲပေါင်း ၅၀၀ ပြည့်မြောက်တဲ့ပွဲစဉ်မှာ ကံဆိုးခြင်းတွေ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

Source & Photos: Sky Sports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD