AD
AD
AD
play

 

မန်ချက်စတာစီးတီးအသင်းရဲ့နည်းပြ ပက်ဂွါဒီယိုလာဟာ မန်စီးတီးအသင်းအနေနဲ့ ယခုနှစ် ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့အတွက် ရေပန်းအစားဆုံးဖြစ်နေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းပယ်ခဲ့ပါတယ်။

play

 

မန်ချက်စတာစီးတီးအသင်းဟာ ပြိုင်ပွဲစုံ ၁၈ ပွဲကစားထားပြီးချိန်မှာ ရှုံးပွဲမရှိသေးဘဲ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ဒုတိယနေရာက မန်ချက်စတာယူနိုက်တက်အသင်းကို ၈ မှတ်ဖြတ်ထားနိုင်တဲ့အသင်းဖြစ်ပါတယ်။

ယနေ့ညမှာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ဖီယင်နုအသင်းနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး မန်ချက်စတာစီးတီးအသင်းဟာ ချန်ပီယံလိဂ်ဖလား ရရှိဖို့ ရေပန်းအစားဆုံးဆိုတာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

Postby

 

“ကျွန်တော့်အသင်းအနေနဲ့ ဥရောပမှာ သမိုင်းမှတ်တမ်း တင်နိုင်ဖို့ လိုအပ်ပါတယ်။ ချန်​ပီယံလိဂ်​ဖလားဟာ ကျွန်​​တော်​တို့အတွက် ​ကြီးမားတဲ့​အောင်​ပွဲပါ။ ဒါပေမယ့် ကျွန်တော်တို့အသင်းဟာ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ ရေပန်းအစားဆုံးဆိုတာတော့ မဟုတ်ပါဘူး။ ရေပန်းစား​နေတဲ့အသင်း​တွေထဲမှာ ပါဝင်​တာ​တော့​ ကောင်းတာပေါ့။ ဒါက ကျွန်​​တော်​တို့ အ​ကောင်းဆုံးအလုပ်​လုပ်​​နေတယ်​ဆိုတာကို ပြတဲ့သဘောပါပဲ။ ဒါ​ပေမယ့်​လူ​တွေ​ပြော​လေ့ရှိကြတဲ့​ ရေပန်းအစားဆုံးအသင်း​တွေက​တော့ ဘာစီလိုနာ၊ ရီးရဲမက်ဒရစ်၊ ဘိုင်​ယန်​မြူးနစ်​၊ ပီအက်စ်ဂျီနဲ့ အခြားအသင်း​တွေပါ။

"ကျွန်​​တော်​တို့ကို ဒီအသင်း​တွေနဲ့အတူတူ ချန်ပီယံလိဂ်ဖလားအတွက် ရေပန်းစားတဲ့အသင်းအဖြစ် သတ်မှတ်ပေးတာဟာဂုဏ်​ယူစရာပါ။ ဒါ​ပေမယ့်​ဒါက ကျွန်​​တော်​တို့အလုပ် ​ပြီး​မြောက်​သွားပြီလို့ ဆိုလိုတာမဟုတ်​ပါဘူး။ ကျွန်​​တော်​တို့ ဘာမှမလုပ်​ရ​သေးပါဘူး။ မန်​ချက်​စတာ စီးတီးအသင်းဟာ ဥ​ရောပမှာကြီးမားတဲ့သမိုင်းမှတ်​တမ်း​ ရေးထိုးသွားဖို့လိုအပ်နေပါသေးတယ်” လို့ ​ပြောကြားခဲ့ပါတယ်​။

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD