AD
AD
AD

ချဲလ်ဆီးအသင်းရဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် တောင်ပံ ကစားသမား အီဒင် ဟာဇက်က ၎င်းအနေနဲ့ တစ်ချိန် ချိန်မှာ စပိန်ကလပ် ရီးရဲအသင်းကို ပြောင်းရွှေ့ကစားဖြစ်မယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

play

မနေ့က ကွာရာဘတ်အသင်းကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၅)အပြီးမှာ ဟာဇက်က မီဒီယာကို အခုလို ထုတ်ဖော်ပြောခဲ့တာလည်း ဖြစ်ပါတယ်။

play

 

“ကျွန်တော် ချဲလ်ဆီးမှာအချိန်တိုင်းပျော်ရွှင်နေရပါတယ်။နောက်ပြီးစာချုပ်သက်တမ်းကလည်း ၂ နှစ်ကျန်ပါသေး တယ်။ထွက်ခွာဖို့ ဆန္ဒဖြစ်ပေါ်လာတဲ့ တစ်နေ့ကျရင်တော့ ကျွန်တော်ထွက်ခွာမှာပါ။အဲ့အချိန်ကျရင်တော့ ရီးရဲကို ပြောင်းဖို့ များပါတယ်။အခုကတောာ့ ကျွန်တော်က အပြာရောင် ခြင်္သေ့ပါပဲ။” လို့ ဟာဇက် က ထုတ်ဖော်ပြောခဲ့ ပါတယ်။

 

လက်ရှိမှာတော့ ချဲလ်ဆီးအသင်းမှာ ကွာရာဘတ်ကိုအဝေးကွင်းမှာ ၄-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် လက်ကျန်တစ်ပွဲအလိုမှာပင် နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

လာမယ့် တစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ လီဗာပူးအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ် ပါတယ်။

Postby

Source- Goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD