AD
AD
AD

ပရီးမီးယားလိဂ်မှာ ရလဒ်တွေ ဆက်တိုက်ဆိုးရွားနေတဲ့ အဲဗာတန်အသင်းအနေနဲ့ နည်းပြသစ်အစားထိုးခန့်အပ်နိုင်ရေး ဆောင်ရွက်လျက်ရှိနေပြီး အင်္ဂလန်လက်ရွေးစင် နည်းပြဟောင်း ဆမ်အလာဒိုက် ကိုခန့်အပ်မယ်လို့ ရေပန်းစားနေပါတယ်။

play

 

ဆောက်သမ်တန်ကို ၄-၁ ဂိုးနဲ့ အရှက်ရဖွယ်ရှုံးနိမ့်ပြီးနောက် ယခုလို နည်းပြသစ်ခန့်အပ်ဖို့ ဆောင်ရွက်ခြင်းလည်း ဖြစ်ပါတယ်။

play

 

မူလကတည်းက ဆမ်အလာဒိုက်ကို ခေါ်ယူနိုင်ဖို့ ရှိခဲ့ပေမယ့်လည်း အဲဗာတန်အသင်းက ရော်နယ်ကိုလ်းမန်းနေရာမှာ ယူ-၂၃ မှ နည်းပြကိုသာ အစားထိုးခန့်အပ်ခဲ့တာကြောင့်လည်း မခေါ်ယူဖြစ် ခဲ့တာ ဖြစ်ပါတယ်။

 

လက်ရှိမှာတော့ ယူ-၂၃ အသင်းမှ နည်းပြ အပ်ဝေါ့အနေနဲ့လည်း အဲဗာတန်အသင်းကို ရလဒ်ဆိုးတွေထဲကနေ မရုန်းထွက်ပေးနိုင်တာကြောင့် အဲဗာတန်အသင်းအနေနဲ့ မူလ ကမ်းလှမ်းခဲ့တဲ့ နည်းပြ ဆမ်အလာဒိုက်ကို ပြန်လည်ကမ်းလှးမ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

အဲဗာတန်အသင်းအနေနဲ့ မူလ နည်းပြ ရော်နယ်ကိုးလ်မန်းကိုအာဆင်နယ်အသင်းကို ၅-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ထုတ်ပယ်ခဲ့တာဖြစ်သလို ယခုတစ်ဖန်လည်း ဆောက်သမ်တန်အသင်းကို ၄-၁ ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက် တစ်နှစ် အတွင်း ၃ ဦးမြောက်နည်းပြကို ခေါ်ယူဖို့ ပြင်ဆင်လာတာလည်း ဖြစ်ပါတယ်။

ယခုခန့်အပ်မယ့် ဆမ်အလာဒိုက်မှာလည်း ပြီးခဲ့တဲ့ မေလက ခရစ္စတယ်ပဲလေ့စ်နည်းပြ ရာထူးမှ အနားယူထားခဲ့သူဖြစ်ပါတယ်။

လက်ရှိမှာတော့ တန်းဆင်းဇုန်ထဲ ကျရောက်နေပြီး လာမယ့် ဗုဒ္ဓဟူးနေ့မှာ ၀က်စ်ဟမ်းအသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။

Postby

 

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD