AD
AD
AD
play

 

ယနေ့ည ၉ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဝက်ဖို့ဒ်အသင်းနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ရဲ့ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

play

 

တော့တင်ဟမ်ဟော့စပါးအသင်းဟာ တိုက်စစ်မှာ ဟယ်ရီကိန်းကို အထောင်ထားပြီး အဲရစ်ဆင်၊ ဒဲလ်အယ်လီ၊ ဆွန်ယောင်မင်တို့နဲ့ လူစုံ ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်း စတင်ချိန်ကတည်းက အကြိတ်အနယ်ရှိနေခဲ့ပြီး ၁၃ မိနစ်မှာ ဝက်ဖို့ဒ်အသင်းရဲ့နောက်ခံကစားသမား ကဘာဆဲလ်က ဝက်ဖို့ဒ်အသင်းအတွက် အဖွင့်ဂိုးကို ကလေဗာလေရဲ့ ထောင့်ကန်ဘောကတစ်ဆင့် ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။

play

 

တော့တင်ဟမ်ဟော့စပါးအသင်းဟာ အဖွင့်ဂိုးပေးခဲ့ရတဲ့အတွက် ချေပဂိုး ပြန်လည်ရယူနိုင်ဖို့ ကြိုးပမ်းခဲ့ပြီး ၂၅ မိနစ်မှာ အဲရစ်ဆင်ရဲ့ပေးပို့မှုကနေတစ်ဆင့် ဆွန်ယောင်မင်က တော့တင်ဟမ်ဟော့စပါးအသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Postby

 

ဒုတိယပိုင်းမှာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်တိုက်စစ်ဆင်ကစားခဲ့ကြပြီး ၅၂ မိနစ်မှာ ရစ်ချက်လီဆင်ကို ကစားပုံကြမ်းတမ်းခဲ့တာကြောင့် စပါးအသင်းရဲ့နောက်ခံကစားသမား ဒါဗင်ဆင်ဆန်းချက်ဇ်ကို ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ တစ်ဖက်နဲ့တစ်ဖက် ဂိုးသွင်းခွင့်တွေ ရရှိခဲ့ပေမယ့် အဆုံးသတ်သွင်းယူရာမှာ လိုအပ်ချက်တွေရှိနေခဲ့ပြီး တစ်ဖက်တစ်ဂိုးစီနဲ့ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

 

Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD