AD
AD
AD
play

 

ယနေ့နံနက် ၂ နာရီ ၁၅ မိနစ်မှာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စီအက်စ်ကေအေမော်စကိုအသင်းတို့ရဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိပြီး အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

play

 

ယင်းပွဲစဉ်မှာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်နေပြီဖြစ်တဲ့ ဘယ်နောက်ခံကစားသမား လုခ်ရှောကို နည်းပြ မော်ရင်ဟိုက ထည့်သွင်းအသုံးပြုခဲ့ပြီး လုခ်ရှောအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ထိုက်တန်တဲ့ ခြေစွမ်းကို ပြသခဲ့ပါတယ်။

play

 

လုခ်ရှောဟာ လျင်လျင်မြန်မြန်နဲ့ တိုက်စစ်အထိ လိုက်ပါကစားခဲ့တာတွေ့ရပြီး ဂိုးကန်သွင်းမှု၊ ဂိုးဖန်တီးပေးပို့မှုတွေလည်း ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။ လုခ်ရှောရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး နည်းပြ မော်ရင်ဟိုက အရမ်းကောင်းမွန်ကြောင်း ချီးကျူးခဲ့ပါတယ်။ လုခ်ရှောဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပွဲချိန်ပြည့် မိနစ် ၉၀ ပါဝင်ကစားပေးခဲ့ပြီး ပွဲထွက်ကစားခွင့်မရခဲ့တာ ၂၁၉ ရက်အထိ ရှိခဲ့တာဖြစ်ပါတယ်။

play

 

ပွဲအပြီး BT Sports နဲ့အင်တာဗျူးမှာ မော်ရင်ဟိုက "တချို့ကစားသမားတွေက ပုံမှန်ထက်ပိုပြီးကစားနိုင်ခဲ့ပါတယ်။ အထူးသဖြင့် လုခ်ရှောပေါ့။ တိုက်စစ်ကို လိုက်ပါကစားတာ အရမ်းကောင်းတယ်။ အသင်းကို အထောက်အပံ့တွေ အများကြီးပေးနိုင်ခဲ့တယ်"

Postby

 

"အသင်းအတွက် ပါဝင်ကစားခွင့်ရဖို့ သူ စောင့်နေတာ တော်တော်လေးကြာနေပါပြီ။ အဲဒီလို အချိန်အကြာကြီးစောင့်ဆိုင်းခဲ့ရတာ သူ့အတွက် ထိုက်တန်ပါတယ်။ အသင်းအနေနဲ့ ရလဒ်ကောင်းတွေ လိုအပ်နေတဲ့အချိန်မှာ အသင်းနဲ့အတူ မကစားရတာ လပေါင်းများစွာ ကြာနေပြီဖြစ်တဲ့ ကစားသမားကို ကစားဖို့ အခွင့်အရေးပေးရတာ တော်တော်ခက်ခဲပါတယ်"

"သူ မိနစ် ၉၀ လုံးလုံး ကောင်းကောင်း ကစားသွားနိုင်ပါတယ်။ ကျွန်တော်သူ့ကို ဒါက စမ်းသပ်မှုတစ်ခုမဟုတ်ဘူး။ ဒါက မင်းပါဝင်ကစားဖို့အတွက် အခွင့်အရေးနဲ့ မင်းရဲ့ခြေစွမ်းအဆင့်အတန်းကို သက်သေပြရမယ့်အချိန်လို့ ပြောခဲ့တယ်။ အမှန်တိုင်း ပြောရရင် သူ့ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး အရမ်းကိုပျော်ရွှင်မိပါတယ်"လို့ ပြောကြားသွားခဲ့ပါတယ်။

 

Source & Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD